DVB Logo
Home
မြန်မာသတင်း
ဗန်းမော် ခလရ ၂၃၆ တပ်ရင်းကို KIA ပူးပေါင်းတပ် သိမ်းပိုက်၊ သုံ့ပန်း ၇၀ ကျော် ဖမ်းမိ 
DVB
·
February 21, 2025
ဗန်းမော် ခလရ ၂၃၆ တပ်ရင်းကို KIA ပူးပေါင်းတပ် သိမ်းပိုက်၊ သုံ့ပန်း ၇၀ ကျော် ဖမ်းမိ 
Donate to DVB

ဗန်းမော် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) အနီးက ခလရ ၂၃၆ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်က ဖေဖော်ဝါရီ ၂၀ ရက်က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်သုံ့ပန်း ၇၀ ကျော် ဖမ်းမိခဲ့တယ်လို့ ကချင်ရှေ့တန်းသတင်းရင်းမြစ်က သိရပါတယ်။

“၂၀ ရက်နေ့ မနက် ၈ နာရီလောက်က အပြီးသတ်သိမ်းနိုင်ခဲ့တယ်။ ဒရုန်းတွေ အပါအဝင် လက်နက်တွေ အများကြီး ရခဲ့တယ်။ စကစဘက် အရှင်ဖမ်းမိတာ ၇၀ ကျော်။ ၂၁ မှာတော့ တိုက်ပွဲပြင်းထန်နေတုန်းပဲ၊ သူတို့က နေ့တိုင်း လေယာဉ်၊ ဒရုန်းတွေနဲ့ စစ်ကူနေတော့ တိုက်ပွဲက နေ့တိုင်းဖြစ်နေတယ်။ ၂၁ သိမ်းနိုင်ဖို့လည်း ကြိုးစားနေကြတယ်။”

ဗန်းမော်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေဟာ နေ့တိုင်းနီးပါး လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာတွေနဲ့ အားပြုတိုက်ခိုက်နေတာဖြစ်ပြီး KIA ပူးပေါင်းတပ်တွေနဲ့ နေ့တိုင်း တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။

၂ လကျော်လာတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း KIA နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဟာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၂၁ ရဲ့ ကာကင်းတပ်ရင်း ၄ ရင်းကို သိမ်းပိုက်ထားနိုင်ပြီ ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၄ ရက်က စတင်ခဲ့တဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ၂ လကျော်အတွင်း ဗန်းမော်မြို့ရဲ့ မြို့စောင့်တပ်တွေဖြစ်တဲ့ အမှတ် ၇၀၀၆ သံချပ်ကာတပ်ရင်း၊ အမှတ် ၅၀၁၄ တင့်ကားတပ်ရင်း၊ အမှတ် ၃၆၆ အမြောက်တပ်နဲ့ ခြေလျင်တပ်ရင်း ခလရ ၂၃၆‌ တို့ကို သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013