DVB Logo
Home
မြန်မာသတင်း
PV ပတ်စ်ပို့​ဖြင့် ပထမဆုံး ပြည်ပထွက်မည့် လူငယ်များကို လေဆိပ်မှ ဆက်တိုက်ပြန်လွှတ်နေ 
DVB
·
February 21, 2025
PV ပတ်စ်ပို့​ဖြင့် ပထမဆုံး ပြည်ပထွက်မည့် လူငယ်များကို လေဆိပ်မှ ဆက်တိုက်ပြန်လွှတ်နေ 
Donate to DVB

အလည်အပတ်အမျိုးအစား နိုင်ငံကူးလက်မှတ်  (PV) ပတ်စ်ပို့နဲ့ ပြည်ပကို ပထမဆုံးထွက်မယ့် လူငယ်တွေကို လေဆိပ်ကနေတားပြီး ပြန်လွှတ်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူနဲ့ လေဆိပ်ဝန်ထမ်းတချို့ဆီက သိရပါတယ်။

ပြည်ပထွက်ခွာလေဆိပ် လဝက ကောင်တာမှ စစ်ဆေးရေးအဖွဲ့က ပြည်ပထွက်မယ့်သူတွေရဲ့ ပတ်စ်ပို့ကို တိုက်ဆိုင်စစ်ဆေးပြီး အရင်သွားရောက်ဖူးတဲ့မှတ်တမ်း မရှိသူတွေကို တားဆီးတာမျိုး လုပ်နေတာလို့ ဆိုပါတယ်။

ကိုယ်တိုင်ကြုံတွေ့ရသူနဲ့ နီးစပ်သူတယောက်က “ဒီရက်ထဲမှာပဲ အသိကောင်မလေး တယောက်လည်း လေဆိပ်ရောက်မှ ထွက်ခွင့်မပေးလို့ တနေကုန် လေဆိပ်မှာ ဒုက္ခရောက်ခဲ့ရတယ်။ အမျိုးမျိုးညှိတာပဲ မရဘူး။ ညွှန်ကြားချက်ရှိလို့ဆိုပြီး ပြန်လွှတ်လို့ ပြန်လာခဲ့ရတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီက ပြည်ပကို အလုပ်သွားလုပ်မယ့်သူတွေကို ကန့်သတ်ပိတ်ပင်နေတာအပြင် အလည်အပတ်အနေနဲ့ သွားမယ့်သူတွေကိုလည်း ကြပ်မတ်နေတယ်လို့ လေဆိပ်ဝန်ထမ်းတချို့က ဆိုပါတယ်။

တာဝန်ကျ လေဆိပ်ဝန်ထမ်းတယောက်က “သူတို့ မသင်္ကာတဲ့သူမျိုးဆို အသေစစ်ပြီး ပြန်လွှတ်နေတာ။ ပထမဆုံး ပြည်ပထွက်မယ့်သူတွေကို ဦးစားပေးစစ်တာ။ လဝက ကောင်တာက အဖွဲ့က အဓိကပဲ။ လမ်းကြောင်းကြေးက သိန်း ၃၀ လောက် ပေါက်တယ်ကြားတယ်။ အခုနောက်ပိုင်း လမ်းကြောင်းကြေးပေးလည်း မရဘူးပြောတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျင့်သုံးလိုက်ပြီးတဲ့နောက် လူငယ်တွေ ပြည်ပထွက်တာကို တင်းကျပ်လာတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ ပြည်ပအလုပ်အကိုင်သက်သေခံကတ် (OWIC) ထုတ်ပေးတာကို ရပ်နားထားပြီး ပြည်ပထွက် အလုပ်လုပ်ခွင့်တွေကိုပါ ဆိုင်းငံ့ထားတယ်လို့ သက်ဆိုင်ရာ အလုပ်သမားတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013