DVB Logo
Home
မြန်မာသတင်း
အာဆီယံနိုင်ငံများ၏ ပတ်စ်ပို့အဆင့်တွင် မြန်မာက အောက်ဆုံးအဆင့်ရောက်
DVB
·
October 1, 2026
Photo: Seasia Stats
Photo: Seasia Stats
Donate to DVB

အာဆီယံဒေသတွင်း နိုင်ငံတွေရဲ့ နိုင်ငံကူးလက်မှတ် အဆင့်သတ်မှတ်ချက်အရ စင်ကာပူနဲ့ မလေးရှားနိုင်ငံဟာ ဗီဇာကင်းလွတ်ခွင့်ရရှိ သွားလာနိုင်တဲ့ နိုင်ငံပေါင်း ၁၇၅ နိုင်ငံနဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေကြောင်း Passport Index 2026 ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နိုင်ငံပေါင်း ၁၅၄ နိုင်ငံကို ဗီဇာမလိုဘဲ သွားလာနိုင်တဲ့ ဘရူနိုင်းနိုင်ငံက ဒုတိယနေရာမှာ ရပ်တည်နေပြီး တီမောနဲ့ ထိုင်းနိုင်ငံတို့က အဆင့် ၃ နဲ့ ၄ နေရာမှာ အစဉ်လိုက် ရှိနေတာပါ‌။

နံပါတ် ၅ နေရာမှာ အင်ဒိုနီရှား၊ ဖိလစ်ပိုင်က နံပါတ် ၆၊ ဗီယက်နမ်က နံပါတ် ၇၊ ကမ္ဘောဒီးယားက နံပါတ် ၈ နဲ့ လာအိုနိုင်ငံက နံပါတ် ၉ နေရာမှာ အသီးသီး ရှိနေပါတယ်။

မြန်မာနိုင်ငံကတော့ အာဆီယံဒေသမှာ နောက်ဆုံးအဆင့်ဖြစ်ပြီး ဗီဇာကင်းလွတ်ခွင့်ရရှိ သွားလာနိုင်တဲ့ နိုင်ငံပေါင်း ၅၄ နိုင်ငံပဲ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအခြေအနေ အဘက်ဘက်မှာ ဆိုးရွားပြီး လုံခြုံစိတ်ချရမှုမရှိတဲ့ နိုင်ငံအဖြစ် နိုင်ငံတကာမှာ အနီရောင်အဆင့် သတိပေးထားတာပါ။

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကို ၁၉၆၇ ခုနှစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံဟာ ၁၉၉၇ ခုနှစ်မှာ အဖွဲ့၀င်အဖြစ် ၀င်ရောက်ခဲ့တာ ဖြစ်ပါတယ်။

Source: Passportindex

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013