DVB Logo
Home
နိုင်ငံတကာ
သမ္မတ ဇလန်းစကီးကို ထောက်ခံကြောင်း ယူကရိန်းပြည်သူများ ဆန္ဒထုတ်ဖော်
DVB
·
February 21, 2025
သမ္မတ ဇလန်းစကီးကို ထောက်ခံကြောင်း ယူကရိန်းပြည်သူများ ဆန္ဒထုတ်ဖော်
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကို ရွေးကောက်ပွဲ မလုပ်တဲ့ အာဏာရှင်တယောက်လို့ ခေါ်ဆိုခဲ့တာကြောင့် ယူကရိန်းနိုင်ငံသားတွေဟာ ဇလန်းစကီးကို ထောက်ခံကြောင်း ထုတ်ဖော်ခဲ့ကြပါတယ်။

ထရမ့်ပ်က “ရွေးကောက်ပွဲမရှိတဲ့ အာဏာရှင်၊ ဇလန်းစကီး မြန်မြန် လုပ်ရင်လုပ်၊ မဟုတ်ရင် တနိုင်ငံမှတောင် ကျန်မှာမဟုတ်” ဆိုပြီး လူမှုမီဒီယာမှာ ရေးသားခဲ့တာပါ။

ဇလန်းစကီးရဲ့ ၅ နှစ်သက်တမ်းဟာ ၂၀၂၄ ခုနှစ်မှာ ကုန်ဆုံးတယ်လို့ ယူဆရပေမဲ့ ရုရှားရဲ့ ကျူးကျော်မှုကို တုံ့ပြန်တဲ့အနေနဲ့ ယူကရိန်းက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ချမှတ်ထားတဲ့ စစ်အုပ်ချုပ်ရေး ဥပဒေအရ ရွေးကောက်ပွဲတွေကို မကျင်းပနိုင်ပါဘူး။

ယူကရိန်း ရုပ်သံသတင်းတွေမှာတော့ ဥရောပခေါင်းဆောင်တွေဟာ ဗိုလိုဒီမာ ဇလန်းစကီးကို ထောက်ခံပြီး ဒေါ်နယ်ထရမ့်ပ်ရဲ့ အာဏာရှင်လို့ ခေါ်ဝေါ် ပြောဆိုမှုတွေကို ရှုတ်ချခဲ့ကြောင်း ဖတ်ကြားသွားပါတယ်။

ဇလန်းစကီးဘက်က ထောက်ခံဆန္ဒပြနေကြတဲ့ ယူကရိန်းပြည်သူတွေကတော့ ဇလန်းစကီးဟာ အာဏာရှင်တယောက် မဟုတ်တာ သေချာပြီးတော့ ဘာပဲဖြစ်ဖြစ် ဒီနိုင်ငံအတွက် အမြဲတမ်း ရပ်တည်ခဲ့ကြောင်း၊ ဒါတွေအားလုံးဟာ ယူကရိန်းရဲ့ ဥပဒေတွေနဲ့အညီ ဖြစ်ပြီး ဇလန်းစကီးဟာ တရားဝင်သမ္မတ ဖြစ်ကြောင်းနဲ့ ဇလန်းစကီးဟာ သူလုပ်စရာရှိတာတွေကို လုပ်နိုင်သမျှ အားလုံးလုပ်ခဲ့ပြီး ဝေဖန်ပိုင်းခြားစရာ အမှားတွေလည်း မလုပ်ထားတာကြောင့် ခက်ခဲတဲ့အခြေအနေကို ရောက်နေပေမဲ့လည်း  ခံနိုင်ရည်ရှိမှာပါလို့ ပြောဆိုကြပါတယ်။

စစ်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် ရွေးကောက်ပွဲ ကျင်းပဖို့က မဖြစ်နိုင်ကြောင်းနဲ့ သူ့ကို မဲမပေးခဲ့ပေမဲ့ စစ်ပွဲတလျှောက်လုံး သူ့ကို ထောက်ခံခဲ့တယ်လို့လည်း ဆိုကြပါတယ်။

ထရမ့်ပ်ရဲ့ မဆင်မခြင် ပြောဆိုသမျှဟာ ဒေါသထွက်စရာကောင်းတယ်လို့လည်း ပြောဆိုကြပါတယ်။

သမ္မတသက်တမ်း တလမပြည့်သေးခင်မှာပဲ ထရမ့်ပ်ဟာ စစ်ပွဲနဲ့ပတ်သက်တဲ့ အမေရိကန်မူဝါဒကို ဆန့်ကျင်ခဲ့ပြီးတော့ ရုရှားကို သီးခြားဖယ်ကြဉ်ထားတဲ့ လှုပ်ရှားမှုကို ထရမ့်ပ်-ပူတင် ဖုန်းခေါ်ဆိုမှုနဲ့ အဆုံးသတ်ခဲ့ပြီး ယူကရိန်းကို ဘေးဖယ်ထားပြီး အမေရိကန်နဲ့ ရုရှား အကြီးတန်းအရာရှိတွေပဲ ဆွေးနွေးမှုတွေ လုပ်ခဲ့တာပါ။

ရုရှားရဲ့ ၂၀၂၂ ကျူးကျော်မှုအတွက် ယူကရိန်းကို အပြစ်တင်ရမယ်လို့ ထရမ့်ပ်က အခိုင်အမာ ပြောဆိုခဲ့ပြီး နောက်တရက်မှာ ထူးထူးခြားခြား တိုက်ခိုက်မှုတွေကြောင့် ဥရောပရှိ အမေရိကန် မဟာမိတ်တွေအကြား စိုးရိမ်မှုတွေ တိုးလာခဲ့ပြီး ရုရှား-ယူကရိန်း ပဋိပက္ခ အဆုံးသတ်ရေးကို အမေရိကန်သမ္မတရဲ့ ချဉ်းကပ်မှုဟာ မော်စကိုအတွက် အကျိုးရှိနိုင်တယ်လို့ ဆိုကြပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013