Home
နိုင်ငံတကာ
ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အန်နီမေးရှင်း ဇာတ်ကားအဖြစ် Ne Zha 2 စံချိန်တင်
DVB
·
February 21, 2025
Photo : CCTV

တရုတ်ဒဏ္ဍာရီလာ ကောင်လေးတယောက်က နတ်ဆိုးကြီးတွေကို တိုက်ခိုက်ပြတဲ့  Ne Zha 2 (နီကျား−တူး)  ရုပ်ရှင်ဟာ ကမ္ဘာ့၀င်ငွေအကောင်းဆုံး အန်နီမေးရှင်းဇာတ်ကား ဖြစ်လာခဲ့ပါတယ်။

အဲဒီတရုတ်ရုပ်ရှင်က ယွမ်ငွေ ၁၂ ဒသမ ၃ ဘီလီယံ (ဒေါ်လာအားဖြင့် ၁ ဒသမ ၇ ဘီလီယံအထိ) ရရှိခဲ့သလို အမျိုးသားရေးစိတ်ဓာတ်ကိုလည်း မြှင့်တင်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာ Captain America : Brave New World ဇာတ်ကားအသစ်ဟာ ရုံတင်နေပြီ ဖြစ်တဲ့အလျောက် နီကျား−တူးရဲ့ ပြိုင်ဘက်အဖြစ် ရှုမြင်ခံထားရပါတယ်။

Captain America ရဲ့  ၄ ကားမြောက် ရုပ်ရှင်ဟာ အမေရိကန်ပြင်ပမှာ ဒေါ်လာ ၉၂ သန်းအထိ ရရှိခဲ့ပေမဲ့လည်း ဟောလိဝုဒ်ရဲ့ အကြီးမားဆုံး ပြည်ပဈေးကွက်ဖြစ်တဲ့ တရုတ်ပြည်မှာတော့ ဒေါ်လာ ၁၀ ဒသမ ၆ သန်းသာ ရရှိခဲ့ပါတယ်။

ဒါကြောင့် အပြန်အလှန်အနေနဲ့ မြောက်အမေရိကတိုက်က ရုပ်ရှင်ရုံကြီးတွေမှာ နီကျား−တူးကို ပြတာနည်းတယ်ဆိုပြီး ဝေဖန်ထားပါတယ်။

တရုတ်ပြည်တွင်းမှာတော့ ရုပ်ရှင်လောကရဲ့ တိုးတက်မှုပြယုဂ်အဖြစ် နီကျား−တူးကို ချီးကျူးနေကြပြီး ဟောလိဝုဒ်က ဇာတ်ကားတွေနဲ့ပါ ရင်ဘောင်တန်းနိုင်ပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အဲဒီနောက် “နီကျား−တူး-ရုပ်ရှင် ပြည်ပမှာ အလုပ်ဖြစ်တာ၊ မဖြစ်တာတွေ ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ Captain America (4) ဇာတ်ကားတော့ တရုတ်ပြည်မှာ အလုပ်မဖြစ်စေရဘူး” ဆိုတဲ့ ဆောင်ပုဒ်တခုဟာ ဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့နေပါတယ်။

ဒါ့အပြင် တရုတ် TikTok အဖြစ် သိထားကြတဲ့ တိုရင်း (Douyin) မှာလည်း “နီကျား−တူး မကြည့်ဖြစ်တာနဲ့ဘဲ မိတ်ဆွေတယောက်က ကျနော့်ကို မျိုးချစ်စိတ် မရှိဘူးလားလို့ ပြောလာတယ်” ဆိုပြီး သုံးစွဲသူတယောက်က ပို့စ်တင်ထားပါတယ်။

အဲဒီဇာတ်ကားရဲ့ ဝင်ငွေ ၉၉ ရာခိုင်နှုန်းကျော်ဟာ တရုတ်ပြည်တွင်းကနေ ရရှိခဲ့တာဖြစ်ပြီး အမျိုးသားရေးဝါဒကို စမ်းသပ်မှုတရပ် ဖြစ်လာခဲ့ပါတယ်။

ဒါက ၂၀၁၉ ခုနှစ်ထွက် နီကျားရုပ်ရှင်ရဲ့ နောက်ဆက်တွဲဖြစ်တဲ့အပြင် Inside Out 2 ကိုပါ ဝင်ငွေအရ ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024