
ရီးရဲလ်မက်ဒရစ်အသင်းမှာ အထူးချွန်ဆုံး ပါရမီရှင်ကစားသမားက ရိုဒရီဂိုဖြစ်ကြောင်း အသင်းဖော် ဘယ်လင်ဂမ်က ချီးကျူးသွားပါတယ်။
မက်ဒရစ်မှာ အမ်ဘာပေနဲ့ ဗင်နီဆီးယက်စ်တို့လို နာမည်ကြီး ကစားသမားတွေရှိနေပေမဲ့ ပါရမီရှင် ကစားသမားက ရိုဒရီဂိုသာဖြစ်ကြောင်း ဘယ်လင်ဂမ်က ထုတ်ဖော်ပြောသွားခဲ့တာပါ။
ရိုဒရီဂိုရဲ့ ဘောလုံးနဲ့အတူ လှည့်စားမှုတွေက ပါးစပ်အဟောင်းသား ဖြစ်စေပြီး မိမိသာဆိုရင် ခြေကျင်းဝတ် လည်သွားလိမ့်မယ်လို့ ဘယ်လင်ဂမ်ကပြောပါတယ်။
ဘရာဇီးတိုက်စစ်ကစားသမားဟာ အသက်၁၇ နှစ်အရွယ် ၂၀၁၉ ခုနှစ်ကတည်းက ဘရာဇီးကလပ် ဖလာမင်ဂိုကနေ ပြောင်းရွှေ့လာသူပါ။
ရိုဒရီဂိုဟာ အခုနှစ်ရာသီ ရီးရဲလ်အသင်းမှာ ပြိုင်ပွဲစုံ ၃၅ ပွဲကစားထားပြီး ၁၃ ဂိုးသွင်း၊ ၈ ကြိမ်ဂိုး ဖန်တီးပေးထား ပါတယ်။
Photo-Reuters










