DVB Logo
Home
မြန်မာသတင်း
ဟားခါးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး လက်နက်နှင့် အလင်းဝင်
DVB
·
February 20, 2025
ဟားခါးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး လက်နက်နှင့် အလင်းဝင်
Donate to DVB

ချင်းပြည်နယ်၊ ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တယောက် ဖေဖော်ဝါရီ ၁၉ ရက်မှာ လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ Senthang Revolution Force က ချင်း၊ မြန်မာ ၂ ဘာသာနဲ့ ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ဟားခါးအခြေစိုက်တဲ့ ခလရ ၂၆၆ တပ်ရင်းက တပ်ဖွဲ့ဝင်တဦးက လက်နက်နဲ့အတူ အလင်းဝင်ရောက်လာခဲ့တာလို့ Senthang Revolution Force ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ MA1 သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခုတို့နဲ့အတူ အလင်းဝင်ရောက်လာတာ ဖြစ်တဲ့အတွက် ဆုကြေးငွေ ချီးမြှင့်ပေးထားတယ်လို့လည်း ဆိုပါတယ်။

Chin National Army (CNA) ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “ခလရ ၂၆၆ တပ်ရင်းဟာ စစ်ကိုင်းတိုင်း၊ တမူးနဲ့ ချင်းပြည်နယ်တွေကို စစ်ကြောင်းထိုးနေတဲ့ တပ်ရင်းတခု ဖြစ်တယ်။ ဟားခါးဘက်မှာ စစ်တပ်ဘက်က တပ်သားတွေနဲ့ ပြည်သူ့စစ်တွေ အခုနှစ်ထဲမှာ အလင်းဝင်တာတွေ စိပ်လာနေတယ်။ အားလုံးကိုလည်း နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။ ကျန်နေသေးတဲ့သူတွေ အနေနဲ့လည်း ကိုယ်နဲ့ ကိုယ့်မိသားစု ဘဝရှေ့ရေးကို ထောက်ရှုပြီး အမြန်ဆုံး အလင်းဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်။ အခုအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ကိုလည်း ဆုကြေးငွေ ကျပ်သိန်း ၄၀ ချီးမြှင့်ပေးအပ်ထားပါတယ်” လို့ DVB ကို ပြောပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက်မှာ ကျရောက်တဲ့ ၇၇ နှစ်​မြောက် ချင်းအမျိုးသားနေ့မှာ အားလုံးပျော်ရွှင်ပြီး စစ်အာဏာရှင်လက်အောက်က အမြန်ဆုံးလွတ်မြောက်နိုင်ဖို့ တိုင်းရင်းသားအားလုံး လက်တွဲညီညီနဲ့ တိုက်ထုတ်ကြဖို့ တိုက်တွန်းပါတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလထဲကလည်း ဟားခါးမြို့ပေါ်က ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၇ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ ဟားခါး CDF ဆီကို အလင်းဝင်ရောက်ခဲ့သေးတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013