DVB Logo
Home
နိုင်ငံတကာ
ကလေး ၂ ဦး အပါအဝင် အစ္စရေးဓားစာခံ ရုပ်အလောင်းများ ဟားမတ်စ် လွှဲပြောင်း
DVB
·
February 20, 2025
ကလေး ၂ ဦး အပါအဝင် အစ္စရေးဓားစာခံ ရုပ်အလောင်းများ ဟားမတ်စ် လွှဲပြောင်း
Donate to DVB

အစ္စရေးကလေးငယ် ၂ ယောက် အပါအဝင် ဓားစာခံ ၄ ယောက်ရဲ့ အလောင်းတွေကို ဖေဖော်ဝါရီ ၂၀ ရက်မှာ ဟားမတ်စ်အဖွဲ့က ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။

၂၀၂၃ အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်တွေ ဝင်တိုက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့  ဓားစာခံတွေထဲမှာ အဲဒီတုန်းက ၉ လပဲရှိသေးတဲ့ ကဖီယာ ဘီဘာစ်နဲ့ ၄ နှစ်အရွယ် အစ်ကိုဖြစ်သူ အေရီယယ်တို့ဟာ အသက်အငယ်ဆုံး ဖြစ်ပါတယ်။

အနက်ရောင် ခေါင်းတလား ၄ လုံးမှာ ဘယ်သူတွေဖြစ်တယ်ဆိုတဲ့ ဓာတ်ပုံတွေ ကပ်ထားပြီး  စင်ပေါ်မှာ တင်ထားခဲ့ပါတယ်။

ဒီအလောင်းတွေကို ကြက်ခြေနီအဖွဲ့က လက်ခံပြီး ကြက်ခြေနီယာဉ်တန်းနဲ့ပဲ  သယ်ယူလာခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် ၂ ယောက်ထဲက တယောက်ဟာ ကလေး ၂ ယောက်ရဲ့မိခင် ရှီရီဘီဘာစ် ဖြစ်ပြီး နောက်တယောက်ကတော့ အိုဒက် လစ်ဖ်ရှစ်ဇ် ဆိုသူ ဖြစ်ပါတယ်။

ဂါဇာကမ်းမြောင် အပစ်ရပ်သဘောတူညီချက်အရ အသက်ရှင်ကျန်ရစ်တဲ့ ဓားစာခံတွေ လွှဲပြောင်းအပြီးမှာ သေဆုံးသွားတဲ့ ဓားစာခံတွေရဲ့ အလောင်းတွေပါ လွှဲပေးခဲ့တာ ဖြစ်ပါတယ်။

ဂါဇာတောင်ပိုင်းက ခန်းယူနစ်မြို့မှာ အလောင်းတွေ လက်လွှဲပေးခဲ့တာဖြစ်ပြီး အနက်ရောင်နဲ့ ပြောက်ကျားဝတ်စုံဝတ် လက်နက်ကိုင် ဟားမတ်စ်အဖွဲ့တွေက စောင့်ကြပ်နေခဲ့ပါတယ်။

အစ္စရေးအလံတွေ ပတ်ထားတဲ့ ခေါင်းတလားတွေပေါ်မှာ လူတယောက် ရပ်နေတဲ့ ပိုစတာတခု ထောင်ထားတာလည်း တွေ့ရပါတယ်။

အဲဒီလူပုံမှာ ခြေထောက်အစား သစ်ပင် ပင်စည်သစ်မြစ်တွေနဲ့ မြေကြီးကို အမြစ်တွယ်နေပုံ သရုပ်ဖော်ထားပြီး ဒီမြေကို ပါလက်စတိုင်းတွေ ပိုင်တယ်လို့ သရုပ်ဖော်ထားတာ ဖြစ်ပါတယ်။

ဘီဘာစ် မိသားစုဟာ ကလေး ၂ ယောက် ဖခင် ယာဒန် အပါအဝင် မိသားစုလိုက် အဖမ်းခံခဲ့ရတာ ဖြစ်ပြီး ယာဒန်ကတော့ အကျဉ်းသားလဲလှယ်မှုမှာ ပြန်လွတ်လာခဲ့ကာ ဇနီးသည်နဲ့ ကလေး ၂ ယောက်ကိုတော့ ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

ဟားမတ်စ်တွေကတော့ အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရတာလို့ စွပ်စွဲထားပါတယ်။

လက်လွှဲတဲ့နေရာမှာပဲ တခြားပိုစတာတခုပါ စိုက်ထူထားပြီးတော့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို သွေးစုပ်ဖုတ်ကောင်အဖြစ် သရုပ်ဖော်ထားပြီး စစ်လေယာဉ်တွေက လွှတ်လိုက်တဲ့ ဒုံးကျည်က ဓားစာခံတွေကို သတ်လိုက်တာလို့ ရေးသားထားပါတယ်။

လက်လွှဲအပြီးမှာ ရုပ်ကြွင်းတွေကို အစ္စရေးအလံတွေ လွှမ်းထားတဲ့ အလောင်းတွေထဲ ပြောင်းထည့်မှာဖြစ်ပြီး စစ်တပ်က ဂျူးဓမ္မဆရာက ကြီးကြပ်စီမံပေးမှာ ဖြစ်ပါတယ်။

အဲဒီနောက် သေမှုသေခင်း စစ်ဆေးပြီး အလောင်းတွေကို အတည်ပြုမှာ ဖြစ်ပါတယ်။ စိစစ်ပြီးမှသာ သေဆုံးကြောင်း အတည်ပြုပြီး စျာပနကျင်းပမှာ ဖြစ်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း သေဆုံးသူဦးရေဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလကစပြီး ခုအချိန်အထိ ၄၈,၂၉၇ ယောက်အထိ မြင့်တက်လာခဲ့ပြီး ဒဏ်ရာရရှိသူ ၁၁၁,၇၃၃ ယောက်အထိ ရှိတယ်လို့ ဂါဇာအခြေစိုက် ကျန်းမာရေးအာဏာပိုင်တွေက ဖေဖော်ဝါရီ ၁၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဂါဇာကမ်းမြောင်မှာ အစ္စရေးစစ်တပ်ရဲ့ စစ်ဆင်ရေးကြောင့် ၃ ယောက်သေ၊ ၁၁ ယောက် ဒဏ်ရာရခဲ့ပြီး တခြားတယောက်ကလည်း အစ္စရေးတို့ရဲ့ အရင်က တိုက်ခိုက်မှုတွေကြောင့် ရထားတဲ့ ပြင်းထန်တဲ့ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အစ္စလာမ္မစ်တော်လှန်ရေးလှုပ်ရှားမှု (ဟားမတ်စ်) အကြီးတန်းအရာရှိတယောက်က “အားလုံးအတွက်” နိယာမကို အခြေခံပြီး နှစ်ဖက်လုံးက အကျဉ်းသားတွေအားလုံးကို ဓားစာခံတွေအားလုံးနဲ့ အပြန်အလှန်လဲဖို့ ဓားစာခံလဲလှယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူးတွေကနေ တဆင့် အစ္စရေးဆီ အဆိုပြုခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

အဆိုပြုချက်ကို သဘောတူညီချက်ရဲ့ ပထမအဆင့် တစိတ်တပိုင်းအဖြစ် ယူဆခြင်း ရှိ၊ မရှိ ဒါမှမဟုတ် လာမယ့် ညှိနှိုင်းမှု ဒုတိယအဆင့်နဲ့ ဆက်စပ်မှု ရှိ၊ မရှိ အရာရှိက သတ်မှတ်ပြဋ္ဌာန်း မပေးခဲ့ပါဘူး။

အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲမှာ ဟားမတ်စ် ပြောရေးဆိုခွင့်ရှိသူ ဟာဇမ် ကက်ဆမ်က “ဒုတိယအဆင့်မှာ တကြိမ် အကျဉ်းသားလဲလှယ်ရေး” အတွက် လှုပ်ရှားမှု အဆင်သင့်ဖြစ်ပြီလို့ အတည်ပြု ပြောခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီသဘောတူညီချက်ဟာ အမြဲတမ်း အပစ်အခတ်ရပ်စဲရေးနဲ့ ဂါဇာကမ်းမြောင်ကနေ အစ္စရေးတပ် အပြည့်အဝ ဆုတ်ခွာရေးကို ဦးတည်စေတဲ့ သဘောတူညီချက်ရဲ့ တစိတ်တပိုင်း ဖြစ်ရမယ်လို့ သူက အလေးပေး ပြောကြားခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013