DVB Logo
Home
မြန်မာသတင်း
"မဆုတ်တမ်း မရပ်တမ်း"  အနုပညာပွဲတော် ချင်းမိုင်တွင် ကျင်းပ (ဓာတ်ပုံ) 
DVB
·
February 20, 2025
"မဆုတ်တမ်း မရပ်တမ်း"  အနုပညာပွဲတော် ချင်းမိုင်တွင် ကျင်းပ (ဓာတ်ပုံ) 
1 / 12
Donate to DVB

တတိယအကြိမ်မြောက် "မဆုတ်တမ်း မရပ်တမ်း" ဆိုတဲ့ အနုပညာပွဲတော်ဖွင့်ပွဲကို ဖေဖော်ဝါရီ ၁၉ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာရှိတဲ့ The Commune CNX မှာ ပြုလုပ်ခဲ့ပါတယ်။

"For the Love of Heroes" လို့ အမည်ပေးထားတဲ့ အနုပညာလက်ရာတွေကို ဒီပွဲမှာ ပြသခဲ့ပြီး Newburma က အနုပညာ ထောက်ပံ့ကြေးပေးဖို့ ရွေးချယ်ခံခဲ့ရတဲ့ အနုပညာရှင် အယောက် ၂၀ ရဲ့ လက်ရာတွေကို ပြသထား ပါတယ်။

Newburma တည်ထောင်သူဖြစ်ပြီး ပွဲစီစဉ်သူ တဦးလည်းဖြစ်တဲ့ မနှင်းက "ဒီပွဲက ဒါသုံးကြိမ်မြောက် ကျင်းပတာ ဖြစ်ပါတယ်။ ကျမတို့အနေနဲ့ နှစ်စဉ်အနုပညာအသိုက်အဝန်းကို ပိုမိုဖန်တီးတိုးတက်လာစေဖို့ ကြိုးပမ်းနေပါတယ်။ ကျမတို့ဟာ အနုပညာရှင်တွေ၊ ပန်းချီဆရာတွေ၊ ဇာတ်လမ်းဖန်တီးသူတွေ ဖြစ်ပြီးတော့ ဒီလိုမျိုး အနုပညာဖန်တီးမှုတွေကို ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ပါဘူး။ ဒီပွဲဟာ ထောက်ပံ့မှု ရွေးချယ်ခံရတဲ့ အနုပညာရှင်တွေ အတွက် အနုပညာပြပွဲတခုသာမကပဲ၊ နိုင်ငံကနေ ထွက်ခွာလာရသူ အနုပညာရှင်တွေ အတွက်လည်း သူတို့ရဲ့ လက်ရာတွေကို ပြသနိုင်တဲ့ နေရာတစ်ခု ဖြစ်လာစေဖို့ ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။"

ဒီနှစ်ပွဲရဲ့ ထူးခြားမှုအသစ်တစ်ခုအနေနဲ့ ပြဇာတ်သမတို့ ကမယ့်ပွဲကိုလည်း ထည့်သွင်းထား ပါတယ်။

မဆုတ်တမ်း မရပ်တမ်း ဆိုတဲ့ ဒီပွဲမှာ ဖေဖော်ဝါရီ ၂၀ နဲ့ ၂၁ ရက်မှာတော့ Rx Cafe Chiang Mai မှာ ရုပ်ရှင်ပြပွဲ၊ ဖေဖော်ဝါရီ ၂၁ ရက်မှာ live painting နဲ့ တေးဂီတပွဲ၊ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ Pwe-Day Festival (တေးဂီတ၊ အစားအသောက်နဲ့ လက်မှုဈေးတန်း) အစရှိတဲ့ အစီအစဉ်တွေ လည်း ရှိနေပါသေးတယ်။

Photo: DVB

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013