DVB Logo
Home
နိုင်ငံတကာ
အာကာသဆိုင်ရာ အစိုးရဆုံးဖြတ်ချက်များတွင် အီလွန်မတ်စ်ခ် ပါဝင်မည်မဟုတ်ဟု ထရမ့်ပ် ပြော
DVB
·
February 20, 2025
အာကာသဆိုင်ရာ အစိုးရဆုံးဖြတ်ချက်များတွင် အီလွန်မတ်စ်ခ် ပါဝင်မည်မဟုတ်ဟု ထရမ့်ပ် ပြော
Donate to DVB

သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဘီလီယံနာ အီလွန်မတ်စ်ခ်ကို အာကာသနဲ့ပတ်သက်တဲ့ အစိုးရရဲ့ ဆုံးဖြတ်ချက်တွေမှာ ဘယ်နေရာမှာမှ ပါဝင်ခွင့် မပြုထားကြောင်း ဖေဖော်ဝါရီ ၁၈ ရက်မှာ ပြောကြားလိုက်ပါတယ်။

လေကြောင်းစီမံခန့်ခွဲရေးနဲ့ ကာကွယ်ရေးဌာန၊ အီလွန်မတ်စ်ခ်ရဲ့ ကုမ္ပဏီတွေနဲ့ ဒေါ်လာ ဘီလီယံချီ စာချုပ်ချုပ်ထားတဲ့ အေဂျင်စီတွေ၊ ဒါမှမဟုတ် သူ့ကုမ္ပဏီတွေကို တိုက်ရိုက် ထိန်းကျောင်းပေးတဲ့ အေဂျင်စီတွေနဲ့ အကျိုးစီးပွား ပဋိပက္ခ မရှိနိုင်ဘူးလား ဆိုတဲ့ သတင်းထောက်တွေရဲ့ မေးခွန်းကို ထရမ့်ပ်က ‌ဖြေကြားလိုက်တာပါ။

အများပြောနေတာတွေကို ကြားနေရပေမဲ့ အကျိုးစီးပွား ပဋိပက္ခ ဖြစ်စရာအကြောင်း မရှိကြောင်းနဲ့ အီလွန်မတ်စ်ခ်နဲ့ သက်ဆိုင်တဲ့ တနေရာမှ မရှိကြောင်းလည်း ပြောပါတယ်။

ထရမ့်ပ်က သူဟာ အီလွန်မတ်စ်ခ်နဲ့ ပွဲအခမ်းအနားတွေမှာ တွေ့နေတတ်ပေမဲ့ သူတို့ဟာ တခြား မတူတဲ့ အကြောင်းအရာတွေကိုပဲ ပြောဆိုဖြစ်ကြတာလို့လည်း ဆိုပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် စာရင်းဝင် Tesla ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်ခ် ကတော့ သူဟာ ကမ္ဘာကြီးကို တိုးတက်စေမယ့် နည်းပညာတွေ ဖန်တီးဖို့ ကြိုးစားနေတာသာ ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၈ ရက်က Fox News သတင်းရုပ်သံကို ပြောပါတယ်။

သူဟာ သမ္မတ ထရမ့်ပ်ရဲ့ အားထုတ်မှုတွေကို ထောက်ခံ ပံ့ပိုးပေးခြင်းအားဖြင့် ဒီမိုကရေစီ ပြန်လည်ထူထောင်ဖို့အတွက် ဗျူရိုကရေစီကို တွန်းလှန်တာလို့ ဆိုပါတယ်။

သမ္မတကနေတဆင့် ပြည်သူတွေရဲ့ဆန္ဒကို ပြန်လည်ရယူနေတာဖြစ်ကြောင်းနဲ့ သမ္မတက ပြည်သူကို ကိုယ်စားပြုတယ်ဆိုရင် သမ္မတရဲ့ဆန္ဒကို အကောင်အထည် မဖော်တာဟာ ပြည်သူတွေရဲ့ဆန္ဒကို အကောင်အထည်မဖော်တာပဲလို့လည်း ဆိုပါတယ်။

သမ္မတနဲ့ အစိုးရအဖွဲ့ကို ဆန့်ကျင်ဘက်ဖြစ်တဲ့ ဖက်ဒရယ် ဗျူရိုကရေစီ ကြီးကြီးမားမား ရှိနေတာ လို့လည်း အီလွန်မတ်စ်ခ်က ပြောပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013