DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းသမ္မတ ဇလန်းစကီးကို အာဏာရှင်ဟု ထရမ့်ပ် ထိုးနှက်
DVB
·
February 20, 2025
ယူကရိန်းသမ္မတ ဇလန်းစကီးကို အာဏာရှင်ဟု ထရမ့်ပ် ထိုးနှက်
Donate to DVB

“ရွေးကောက်ပွဲမလုပ်တဲ့ အာဏာရှင် ဇလန်းစကီး မြန်မြန်ရွေ့ချင်ရွေ့၊ ဒါမှမဟုတ်ရင် သူ့မှာ နိုင်ငံတနိုင်ငံ ရှိမှာမဟုတ်တော့ဘူး” လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ့ရဲ့ လူမှုကွန်ရက်ကနေ  ထိုးနှက်ဝေဖန်ခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ပ်က “ရွေးကောက်ပွဲတွေ မလုပ်ချင်ဘူး။ ယူကရိန်းမှာ သူ့ရဲ့ လူကြိုက်များမှုကလည်း အရမ်းနည်းနေတယ်။  ဘိုင်ဒင်ကို ကစားတဲ့နေရာမှာပဲ သူတော်တာ။ ရွေးကောက်ပွဲမလုပ်တဲ့ အာဏာရှင် ဇလန်းစကီး မြန်မြန်ရွေ့ချင်ရွေ့၊ ဒါမှမဟုတ်ရင် သူ့မှာ နိုင်ငံတနိုင်ငံ ရှိမှာမဟုတ်တော့ဘူး။ အခုတော့ ငါတို့က ရုရှားနဲ့ စစ်ပွဲရပ်ဖို့ အောင်မြင်အောင် ညှိနှိုင်းနေတယ်။ လူတိုင်းက ထရမ့်ပ်နဲ့ ထရမ့်ပ်အစိုးရပဲ လုပ်နိုင်တယ်လို့ ဝန်ခံကြတယ်။ ဘိုင်ဒင်က မကြိုးစားခဲ့ဘူး။ ဥရောပကလည်း ငြိမ်းချမ်းရေးရအောင် မလုပ်နိုင်ခဲ့ဘူး။ ဇလန်းစကီးကတော့ ပိုက်ဆံတွေ ဆက်ရချင်နေတုန်းပဲ။ ကျုပ် ယူကရိန်းကို ချစ်တယ်။ ဒါပေမဲ့ ဇလန်းစကီးက အလုပ်ကို ဆိုးဆိုးရွားရွား လုပ်ခဲ့တယ်။ သူ့တိုင်းပြည် ပျက်စီးသွားပြီ။ လူသန်းပေါင်းများစွာ အလဟဿ သေဆုံးခဲ့ရတယ်။ အဲလိုပဲ ဆက်ဖြစ်နေဦးမယ်…” လို့ ပြောပါတယ်။

ဒါ့အပြင် ဇလန်းစကီးအနေနဲ့  နိုင်မှာမဟုတ်တဲ့စစ်ပွဲကို မစသင့်ကြောင်းနဲ့ ဒီစစ်ပွဲဟာ အမေရိကန်ထက်စာရင် ဥရောပအတွက် ပိုအရေးကြီးတယ်လို့လည်း ထရမ့်ပ်က ပြောပါတယ်။

ထရမ့်ပ်က “စဉ်းစားကြည့်လေ... ဟာသသရုပ်ဆောင် ဗိုလိုဒီမာဇလန်းစကီးက အမေရိကန်ကို ဒေါ်လာဘီလီယံ ၃၅၀ လောက် သုံးခိုင်းလိုက်တာ။ နိုင်မှာမဟုတ်တဲ့စစ်ပွဲ၊ စရင်တောင် မစသင့်တဲ့စစ်ပွဲ။ အမေရိကန်နဲ့ ထရမ့်ပ် မပါရင် သူ ဘာမှ ညှိနှိုင်းလို့ မရနိုင်ဘူး။ အမေရိကန်က ဥရောပထက် ဒေါ်လာဘီလီယံ ၂၀၀ ပိုသုံးထားပြီ။ ဥရောပပိုက်ဆံက အာမခံချက်ရှိတယ်။ အမေရိကန်ကတော့ ဘာမှပြန်မရဘူး။ ဂျိုးဘိုင်ဒင်က ဘာလို့ တန်းတူမတောင်းရတာလဲ။ ဒီစစ်ပွဲက ငါတို့ထက် ဥရောပအတွက် ပိုအရေးကြီးတာ။ ငါတို့မှာ သမုဒ္ဒရာကြီးက ခြားထားတာ” လို့ ပြောပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013