DVB Logo
Home
နိုင်ငံတကာ
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အဆုတ်ရောင်ရောဂါကြောင့် ဆေးရုံတင်ထားရ 
DVB
·
February 19, 2025
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အဆုတ်ရောင်ရောဂါကြောင့် ဆေးရုံတင်ထားရ 
Donate to DVB

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ အဆုတ်နှစ်ဖက်စလုံးမှာ နမိုးနီးယားအဆုတ်ရောင်ရောဂါ ဖြစ်ပွားနေပြီး ကျန်းမာရေးအခြေအနေ “ရှုပ်ထွေးနေဆဲ” ဖြစ်တယ်လို့ ဗာတီကန်နန်းတော်က အတည်ပြုပါတယ်။

အသက် ၈၈ နှစ်ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်မှု ခံစားနေရတာ တပတ်ကျော်ရှိပြီ ဖြစ်တာကြောင့် ရောမမြို့က ဂျမဲလီ (Gemelli) ဆေးရုံကို တက်ရောက်ကုသခဲ့ပါတယ်။

လွန်ခဲ့တဲ့သောကြာနေ့မှာ ဆေးရုံတင်လိုက်ရပြီးနောက် CT Scan ရင်ဘတ်ဓာတ်မှန်နဲ့ ဓာတ်ခွဲခန်း စစ်ဆေးချက်တွေအရ ပုပ်ရဟန်းမင်းကြီးရဲ့ ကျန်းမာရေးအခြေအနေဟာ တည်ငြိမ်မှု မရှိသေးဘူးဆိုပြီး ဖော်ပြထားပါတယ်။

ဒါပေမဲ့လည်း ပုပ်ရဟန်းမင်းကြီးက စိတ်ပိုင်းဆိုင်ရာ အခြေအနေ ကောင်းမွန်နေပြီး စာဖတ်တာ၊ အနားယူတာနဲ့ ဆုတောင်းတာတွေ လုပ်ရင်း တနေ့တာကို ကုန်ဆုံးစေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပုပ်ရဟန်းမင်းကြီးက သူ့အတွက် ဆုတောင်းပေးနေသူတွေကို ကျေးဇူးတင်ကြောင်း ပြောဆိုကာ ဆက်လက်လုပ်ဆောင်ပေးဖို့ မေတ္တာရပ်ခံခဲ့တယ်လို့ ဗာတီကန်က ထုတ်ပြန်ထားပါတယ်။

အခုလိုမျိုး ဆေးရုံမတက်ခင် ရက်သတ္တပတ်ကတည်းက ပုပ်ရဟန်းမင်းကြီးမှာ လေပြွန်ရောင်တဲ့ လက္ခဏာတွေ ရှိနေခဲ့တာကြောင့် အခမ်းအနားတွေအတွက် ပြင်ဆင်ထားတဲ့ မိန့်ခွန်းကို အစားထိုး ဖတ်ခိုင်းခဲ့ရပါတယ်။

ဒါကြောင့် လာမယ့်တနင်္ဂနွေနေ့အထိ အများပြည်သူနဲ့သက်ဆိုင်တဲ့ အခမ်းအနားအားလုံးကို ပုပ်ရဟန်းမင်းကြီးက ဖျက်သိမ်းထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆရာဝန်တွေက သူ့အတွက် ဆေးကုထုံးကို ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ဒုတိယအကြိမ် ပြောင်းလဲပေးခဲ့ကြောင်း သိရပါတယ်။

အသက် ၂၁ နှစ်အရွယ်မှာ ပုပ်ရဟန်းမင်းကြီးဟာ အဆုတ်အမြှေးရောင် ရောဂါကြောင့် အဆုတ်တခုရဲ့ တစိတ်တပိုင်းကို ဖယ်ထုတ်ခဲ့ရာကနေ အခုလိုမျိုး ရောဂါကူးစက်မှုတွေ အဖြစ်များလာခဲ့တာပါ။

၂၀၂၆ ဇန်နဝါရီလအထိ ရှိနေမယ့် ကက်သလစ် ဘာသာဝင်တွေရဲ့  ၂၀၂၅ မြင့်မြတ်သောနှစ်အတွင်း အခမ်းအနားများစွာမှာ ပုပ်ရဟန်းမင်းကြီးအနေနဲ့ ဦးဆောင်ရမှာ ဖြစ်ပါတယ်။

၁၂ နှစ်ကြာ ရိုမန်ကက်သလစ် ဘုရားကျောင်းကို ဦးဆောင်ခဲ့တဲ့ ကာလအတွင်း အာဂျင်တီးနားနိုင်ငံသား ဖရန့်စစ်က အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကြောင့် ဆေးရုံ အကြိမ်ကြိမ်တက်ခဲ့ရသူ ဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013