DVB Logo
Home
မြန်မာသတင်း
စစ်တွေတွင် မွတ်ဆလင် ၁၀၀ ကျော်ကို စစ်ကောင်စီက အဓမ္မ စစ်သင်တန်းပေး
DVB
·
February 19, 2025
စစ်တွေတွင် မွတ်ဆလင် ၁၀၀ ကျော်ကို စစ်ကောင်စီက အဓမ္မ စစ်သင်တန်းပေး
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ မွတ်ဆလင် ၁၀၀ ကျော်ကို စစ်ကောင်စီတပ်က အတင်းအဓမ္မ စည်းရုံးသိမ်းသွင်းကာ စစ်ပညာသင်တန်းပေးနေတယ်လို့ စစ်တွေမြို့မှာရှိတဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (စစ်တွေ) ရုံးချုပ်ရှေ့က လေ့ကျင့်ရေးကွင်း အပါအဝင် နာရီကန် တပ်ဦးဘုန်းတော်ကြီးကျောင်းမှာ စစ်သင်တန်းပေးနေတာပါ။ 

စစ်တွေမြို့ခံက “နာရီကန် တပ်ဦးကျောင်းခြံဝင်းမှာ မွတ်ဆလင်တွေကို စစ်သင်တန်းပေးနေတာ တွေ့ရတယ်။ မွတ်ဆလင် ၁၀၀ ကျော်လောက်ရှိမယ်၊ သင်တန်းပေးနေတာတောင် လဝက်လောက်ရှိနေပြီ။ အရင်ကလည်း မွတ်ဆလင်တွေကို စစ်သင်တန်းတက်ခိုင်းတယ်၊ ပြီးရင် ရှေ့တန်းကိုပို့တယ်ပေါ့”လို့ ပြောပါတယ်။

အဓမ္မ စစ်သင်တန်းတက်ရောက်ဖို့ စုဆောင်းခံရတဲ့ ကျေးရွာတွေမှာ စစ်တွေမြို့နယ် ဘုမေ၊ ဘာဆာ၊ သဲချောင်း၊ သက္ကယ်ပြင်၊ ပလ္လင်ပြင်၊ ဒါးပိုင်၊ အုန်းတောကြီး၊ အုန်းတောငယ် စတဲ့ မွတ်ဆလင်ကျေးရွာတွေ ဖြစ်ပါတယ်။

စစ်ကောင်စီက မဖြစ်မနေ စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်း ပြီးတဲ့အချိန်ကစပြီး လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်က မွတ်ဆလင်တွေကို အဓမ္မစုဆောင်းကာ စစ်သင်တန်း ပေးနေတာပါ။

လက်ရှိ စစ်တွေမြို့နယ်အနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ AA တို့အကြား အပြန်အလှန် လက်နက်ကြီး ပစ်ခတ်မှုတွေဟာ ပိုပြင်းထန်လာနေပြီး စစ်ကောင်စီတပ်ရင်းတွေကနေ ပုဏ္ဏားကျွန်း၊ ပေါက်တော စတဲ့ မြို့နယ်တွေကို လက်နက်ကြီးပစ်ခတ်တာတွေ၊ လေကြောင်းကနေ ဗုံးကြဲချတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013