DVB Logo
Home
နိုင်ငံတကာ
အစ္စရေးဓားစာခံ ၄ ဦး၏ ရုပ်အလောင်းများ ပြန်လွှဲပေးမည်ဟု ဟားမတ်စ် အတည်ပြု
DVB
·
February 19, 2025
အစ္စရေးဓားစာခံ ၄ ဦး၏ ရုပ်အလောင်းများ ပြန်လွှဲပေးမည်ဟု ဟားမတ်စ် အတည်ပြု
Donate to DVB

ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဟားမတ်စ်က အသက်အငယ်ဆုံး အစ္စရေးဓားစာခံ ၂ ယောက် အပါအဝင် စုစုပေါင်း ၄ ယောက်ရဲ့ ရုပ်အလောင်းတွေကို ဖေဖော်ဝါရီ ၁၉ ရက်မှာ လွှဲပြောင်းပေးမယ်လို့ အတည်ပြုပါတယ်။

အဲဒီထဲမှာ ဘီဘက်စ်လို့ အမည်ရတဲ့ အစ္စရေးမိသားစုဝင်တွေရဲ့ ရုပ်အလောင်း ပါဝင်တယ်ဆိုပြီး ဟားမတ်စ်အဖွဲ့ရဲ့ စေ့စပ်ညှိနှိုင်းရေးမှူး ခါလီ အယ်လ်-ဟိုင်ယာ ကိုယ်တိုင် ပြောသွားပါတယ်။

၂၀၂၃ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုမှာ ဟားမတ်စ်ဘက်က မိခင်ဖြစ်သူ ရှီရီ အပါအဝင် အသက် ၉ လအရွယ် ကဖီယာနဲ့ ၄ နှစ်အရွယ် အေရီရယ်လ်တို့ကို ဖမ်းဆီးခေါ်လာခဲ့တာပါ။

အဲဒီနောက် အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အဲဒီဓားစာခံ ၃ ယောက်စလုံး သေဆုံးခဲ့ရတယ်လို့ ဟားမတ်စ်အဖွဲ့က အထောက်အထားမပါဘဲ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အစ္စရေးဘက်က ဒါကို အတည်ပြုနိုင်ခြင်း မရှိသေးပေမဲ့လည်း အခုလအစောပိုင်းမှာတော့ ကလေးတွေရဲ့ ဖခင်ဖြစ်သူ ယာဒန်ကို ဟားမတ်စ်က ပြန်လွှတ်ပေးခဲ့ပါတယ်။

လာမယ့်စနေနေ့မှာလည်း အသက်ရှင်ကျန်ရစ်ခဲ့တဲ့ အစ္စရေးဓားစာခံ ၃ ယောက်ကနေ ၆ ယောက်အထိ တိုးပြီး ထပ်လွှတ်ပေးမယ်လို့ အယ်လ်-ဟိုင်ယာက မှတ်ချက်ပြုပါတယ်။

အပြန်အလှန်အဖြစ် အောက်တိုဘာလကစပြီး အစ္စရေး ဖမ်းဆီးထားတဲ့ အသက် ၁၉ နှစ်အောက် အကျဉ်းသားတွေနဲ့ အမျိုးသမီးအားလုံးကို လွှတ်ပေးဖို့ရှိပါတယ်။

ဒါ့အပြင် အီဂျစ်နယ်စပ်ကနေတဆင့် ဂါဇာကမ်းမြောင်ထဲကို အပျက်အစီးရှင်းလင်းရေး ပစ္စည်းကိရိယာတွေပါ ဝင်ရောက်ခွင့်ပြုမယ်လို့ ဆိုပါတယ်။

လက်ရှိ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဲ့ ပထမအဆင့်ကာလမှာ ဟားမတ်စ်ဘက်က ဖမ်းဆီးထားတဲ့ ဓားစာခံ ၃၃ ယောက်နဲ့ အစ္စရေးဘက်က ပါလက်စတိုင်းအကျဉ်းသား ၁,၉၀၀ လောက်ကို လဲလှယ်ဖို့အတွက် သဘောတူထားပါတယ်။

အခုလိုမျိုး ကျန်ရစ်နေသေးတဲ့ အစ္စရေးဓားစာခံ စုစုပေါင်း ၇၃ ယောက်ထဲမှာ စစ်သားနဲ့ အရပ်သားတွေ၊ အသက်ရှင်နေသူနဲ့ သေဆုံးသွားသူတွေ ရောထွေးနေတဲ့အပြင် ထိုင်းနဲ့ နီပေါ နိုင်ငံသားတွေပါ ပါဝင်နေပါတယ်။

ဒါကြောင့် ဂါဇာအပစ်ရပ်သဘောတူညီချက် ဒုတိယအဆင့်မှာ ဟားမတ်စ်ဘက်က အစ္စရေးဓားစာခံ အားလုံးကို ပြန်လွှတ်ပေးပြီး အပြီးတိုင် စစ်ပွဲအဆုံးသတ်ဖို့အတွက် ဆွေးနွေးသွားမှာ ​ဖြစ်ပါတယ်။

အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဂီဒီယွန်ဆား ကတော့ ဆွေးနွေးပွဲတွေကို ‘ဒီတပတ်ထဲမှာ’ စတင်မယ့်အကြောင်း ပြောဆိုထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013