DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ထရမ့်ပ်နှင့် ပူတင် ဆွေးနွေးဖွယ်ရှိ
DVB
·
February 19, 2025
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ထရမ့်ပ်နှင့် ပူတင် ဆွေးနွေးဖွယ်ရှိ
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ အခုလအတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံနိုင်ဖွယ်ရှိကြောင်း ပြောကြားလိုက်ပြီး ဆော်ဒီအာရေဗျမှာ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အမေရိကန်-ရုရှား ဆွေးနွေးမှုကနေ ချန်ထားခံရခြင်းနဲ့ ပတ်သက်လို့ ယူကရိန်းရဲ့စိုးရိမ်မှုကို ဘေးဖယ်ထားပါတယ်။

Palm Beach ရှိ Mar-a-Lago ကလပ် သတင်းစာရှင်းလင်းပွဲအပြီးမှာ ဒီလမကုန်ခင် ပူတင်နဲ့တွေ့ဖို့ မျှော်လင့်ထားသလား ဆိုတဲ့ သတင်းထောက်ရဲ့ မေးခွန်းကိုလည်း ထရမ့်ပ်က တွေ့ရင်တွေ့နိုင်ပါတယ်လို့ ပြန်ဖြေခဲ့ပါတယ်။

မနေ့ အစောပိုင်းက ဆော်ဒီအာရေဗျ ရီယာ့ဒ်မြို့တော်မှာ ဆွေးနွေးမှုအတွင်း ယူကရိန်းနဲ့ ပတ်သက်ပြီး ရုရှားနဲ့ လက်တွဲလုပ်ဆောင်နေတဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့တခု စတင်ခဲ့ပြီးနောက်မှာ ထရမ့်ပ်က ပထမဆုံးအကြိမ် ပြောဆိုခဲ့တာပါ။

ဒီငြိမ်းချမ်းရေးသဘောတူညီချက်ရဲ့ တစိတ်တပိုင်းအနေနဲ့ ယူကရိန်းမှာ ဥရောပငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်တွေ ချထားမယ်ဆိုရင် သဘောတူမလား ဆိုတဲ့ အမေးကိုလည်း ထရမ့်ပ်က သူတို့ ဒီလိုလုပ်ချင်ရင် အရမ်းကောင်းပြီး အားလုံးအဆင်ပြေတယ်လို့ ထင်ကြောင်း၊ ပြင်သစ်၊ ယူကေ တို့က အဲ့လိုလုပ်ဖို့ ပြောနေကြောင်းနဲ့ သူတို့သာ ယူကရိန်းကို ငြိမ်းချမ်းရေးတပ်ဖွဲ့တွေ စေလွှတ်ချင်ရင် သူကတော့ ဥရောပသားတွေကို ဆန့်ကျင်မှာ မဟုတ်ဘူးလို့ ထရမ့်ပ်က ပြောပါတယ်။

ယူကရိန်းမှာ ရွေးကောက်ပွဲတွေ ကျင်းပသင့်ပြီး လောလောဆယ် စစ်အုပ်ချုပ်ရေးပဲ ရှိနေကြောင်း၊ ယူကရိန်းခေါင်းဆောင်က ထောက်ခံနှုန်း ၄ ရာခိုင်နှုန်းပဲ ရှိနေတယ်လို့လည်း ဆိုပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံ မြို့တော်ရီယာ့ဒ်မှာ ရောက်ရှိနေတဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လာ့ဗရို့ဗ် က ဖေဖော်ဝါရီ ၁၈ ရက် သတင်းစာရှင်းလင်းပွဲမှာ ရုရှားနဲ့ အမေရိကန်တို့ဟာ ယူကရိန်းပဋိပက္ခကို ဖြေရှင်းဖို့နဲ့ သံတမန်ရေးရာ တာဝန်တွေအတွက် အတားအဆီးတွေကို ဖယ်ရှားဖို့ လုပ်ငန်းစဉ်တခု ထူထောင်ဖို့ သဘောတူညီခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဆွေးနွေးပွဲတွေဟာ အသုံးဝင်ကြောင်းနဲ့ ရုရှားနဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့တွေဟာ အပြန်အလှန် နားထောင်ခဲ့ကြပြီးတော့ ၂ နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု အပြည့်အဝ ပြန်လည်ရရှိစေမယ့် အခြေအနေတွေကို ဖန်တီးဖို့ သဘောတူညီခဲ့ကြောင်း သူက ပြောဆိုခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013