DVB Logo
Home
နိုင်ငံတကာ
အစ္စရေးထောင်တွင် မဝရေစာကျွေးပြီး ညှဉ်းပန်းနှိပ်စက်ဟု ပါလက်စတိုင်းအကျဉ်းသားပြော
DVB
·
February 19, 2025
အစ္စရေးထောင်တွင် မဝရေစာကျွေးပြီး ညှဉ်းပန်းနှိပ်စက်ဟု ပါလက်စတိုင်းအကျဉ်းသားပြော
Donate to DVB

အစ္စရေးထောင်ကနေ လွတ်မြောက်လာတဲ့ ပါလက်စတိုင်း ဆေးဝန်ထမ်းနဲ့ လူနာတင်ယာဉ် လုပ်သား တာရက်ရာဘီဆာဖီက တနှစ်ကြာ ဖမ်းဆီးခံခဲ့ရချိန်အတွင်း မဝရေစာကျွေးတာ၊ ညှဉ်းပန်းနှိပ်စက်တာတွေ ကြုံခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

အစ္စရေး-ဟားမတ်စ် အပစ်ရပ် သဘောတူစာချုပ်အရ ပြီးခဲ့တဲ့ စနေနေ့က ပြန်လည်လွတ်မြောက်လာတဲ့ ပါလက်စတိုင်းအကျဉ်းသား ၃၆၈ ယောက်မှာ ဆာဖီလည်း အပါအဝင် ဖြစ်ပါတယ်။

အသက် ၃၉ နှစ်အရွယ် ကလေးနှစ်ယောက်အဖေက ထိန်းသိမ်းခံရစဉ် နှိပ်စက်ခံရမှုတွေ အကြောင်း ပြန်ပြောပြခဲ့တာ ဖြစ်ပါတယ်။

ပါလက်စတိုင်းအကျဉ်းသားတွေ၊ အစ္စရေး ဓားစာခံတွေပါ ဖမ်းဆီးသူတွေလက်ထဲမှာ ညှဉ်းပန်းနှိပ်စက်ခံရတယ်လို့ လွတ်မြောက်လာချိန်မှာ ထုတ်ဖော်ပြောကြားကြပါတယ်။

ဆာဖီဟာ ဂါဇာက အကျဉ်းစခန်းမှာ ၄ လနေခဲ့ရပြီး ခန္ဓာကိုယ်ကို ညှဉ်းပန်းနှိပ်စက်တာ ခံခဲ့ရသလို အငတ်ဘေးနဲ့လည်း ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

အစားအသောက် သင့်လျော်အောင် မကျွေးသလို ဆေးဝါးကုသမှုလည်း မပေးခဲ့ဘူးလို့ ပြောပါတယ်။ လက်ကျိုးနေတာကို ကုသမပေးခဲ့ဘူးလို့လည်း ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အစ္စရေးစစ်တပ်ကို ရိုက်တာက မေးမြန်းခဲ့ရာမှာတော့ ဖမ်းဆီးထားသူတွေကို အစာရေစာကျွေးသလို ဆေးဝါးစောင့်ရှောက်မှုလည်း ပေးတယ်လို့ တုံ့ပြန်ပါတယ်။

ဆာဖီက သူနဲ့အတူ အဖမ်းခံခဲ့ရသူတယောက်ဟာ အစာရေစာ မရသလို မကြာခဏ နှိပ်စက်ခံခဲ့ရတာကြောင့် သူ့မျက်စိရှေ့တင် ကွယ်လွန်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစခန်းမှာ ၄ လကြာပြီးတဲ့နောက် တခြားအစ္စရေးထောင်တွေကို ရွှေ့ပြောင်းခံခဲ့ရပြီး တနှစ်နီးပါး နေခဲ့ရတယ်လို့ ဆိုပါတယ်။

အစ္စရေးစစ်တပ်ကတော့ ထိန်းသိမ်းထားစဉ် သေဆုံးမှုတွေရှိပေမဲ့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တဲ့အတွက် မှတ်ချက်မပေးနိုင်ဘူးလို့ ဖြေဆိုပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ရိုက်တာက သီးခြားအတည်ပြုနိုင်တာတော့ မရှိပါဘူး။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013