DVB Logo
Home
မြန်မာသတင်း
ဗဟန်းမြို့နယ် ဂျပန်စားသောက်ဆိုင်က ဝန်ထမ်းတဦး အသတ်ခံရ
DVB
·
February 18, 2025
ဗဟန်းမြို့နယ် ဂျပန်စားသောက်ဆိုင်က ဝန်ထမ်းတဦး အသတ်ခံရ
Donate to DVB

ဗဟန်းမြို့နယ် ဆရာစံ မြောက်အရှေ့ရပ်ကွက် ဦးချစ်မောင်လမ်းမှာ ဖွင့်လှစ်ထားတဲ့ ဂျပန်စားသောက်ဆိုင်က ဝန်ထမ်းတယောက် ဒီနေ့မနက်က ဆိုင်ရှေ့မှာတင် ဓားနဲ့ထိုးသတ်ခံရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီနေ့မနက် ၁ နာရီက ဦးချစ်မောင်လမ်း အမှတ် ၁၃၆ မှာ ဖွင့်လှစ်ထားတဲ့ Japanese Restaurant ဆိုင်ကို အမည်မသိအမျိုးသား ၆ ဦးရောက်လာပြီး ဆိုင်ဝန်ထမ်းတယောက်အား ဓားနဲ့ထိုးသတ်သွားတာလို့ အဲ့ဒီရပ်ကွက်နေသူတယောက်က ပြောပါတယ်။

“ဆိုင်ပိတ်တဲ့အချိန် တံခါးလာခေါက်လို့ ဝန်ထမ်း ၃ ယောက်က  အပြင်ထွက်ပြီး မေးတဲ့အချိန် ဝန်ထမ်းကောင်လေးတယောက်ကို  ဓားနဲ့ထိုးသွားတာ အူတွေပါထွက်ကျပြီး သေသွားတယ်။ ဗဟန်းမှာဖြစ်တဲ့ လူသတ်မှုတိုင်း ရဲတွေမိတယ်ဆိုတာမရှိဘူး။”

ဓားနဲ့ထိုးသတ်ခံရသူမှာ  Japanese Restaurant ဆိုင်ဝန်ထမ်း အောင်ဇော်ထက်ဖြစ်ပြီး အခင်းဖြစ်ရာနေရာမှာ ထိုးသွင်းဒဏ်ရာနှစ်ချက်ရရှိကာ သေဆုံးခဲ့ပြီး ဘာကြောင့် အခုလို သတ်ဖြတ်သွားတာ မသိရဘူးလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

“ဘာကြောင့် သတ်သွားလဲမသိပေမဲ့ အဲ့လိုပြစ်မှုတွေက ဗဟန်းမှာ တလတကြိမ်ဖြစ်လာတယ်။ ဆရာစံလမ်းက AK Cosmetic ဆိုင်ရှင်ကို သတ်သွားတဲ့အမှုတောင် အခုချိန်ထိ မမိသေးဘူး။”

ဒီကနေ့ လူသတ်မှုဖြစ်ခဲ့တဲ့  ဆရာစံမြောက်အရှေ့ရပ်ကွက် ဆရာစံလမ်းမှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက် မနက်ပိုင်းကလည်း AK Cosmetic ဆိုင်ရှင်ကို ဓားနဲ့ထိုးပြီး ဆွဲကြိုးလုယူသွားခံပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013