
အီဂျစ်နိုင်ငံ နိုင်းလ်မြစ် အနောက်ဘက်ကမ်းရှိ ဂီဇာမြို့တော်မှာ ဖေဖော်ဝါရီ ၁၇ ရက်က အဆောက်အအုံတခု တစိတ်တပိုင်း ပြိုကျခဲ့ရာက လူ ၁၀ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အခင်းဖြစ်ပွားတဲ့ ကယ်ရ်ဒါးဆားမြို့ကို လူနာတင်ယာဉ် ၁၅ စီး ပို့ဆောင်ခဲ့ပြီး ဒဏ်ရာရသူတွေကို အနီးနားရှိ ဆေးရုံကို လွှဲပြောင်းပေးခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စုံစမ်းတွေ့ရှိချက်အရ ၃ ထပ်တိုက် အဆောက်အအုံရဲ့ အထပ်တထပ်မှာ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပြိုကျခဲ့တာဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာ အယ်လ်-အာရမ်မှာ ဖော်ပြထားပါတယ်။
နေရာအတော်များများမှာ ဆောက်လုပ်ရေးစံနှုန်းတွေ ညံ့ဖျင်းတာကြောင့် အီဂျစ်မှာ အဆောက်အအုံ ပြိုကျတာတွေက အဖြစ်များပါတယ်။
Source : Reuters