DVB Logo
Home
မြန်မာသတင်း
တောင်ကြီးရှိ စစ်ရှောင်စခန်းများကို စစ်တပ်နှင့် PNO ပြည်သူ့စစ်က ကူညီခွင့်ပိတ်ပင်
DVB
·
February 18, 2025
တောင်ကြီးရှိ စစ်ရှောင်စခန်းများကို စစ်တပ်နှင့် PNO ပြည်သူ့စစ်က ကူညီခွင့်ပိတ်ပင်
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီဖို့ စစ်တပ်နဲ့ PNO ပြည်သူ့စစ်က ခွင့်မပြုဘူးလို့ စုံစမ်းသိရှိရပါတယ်။

တောင်ကြီးမြို့အနီး ညိုးမီးရွာ (တောင်၊ မြောက်)၊ နားဘောင်ရွာ၊ လုံးကောင်၊ ဖာမွန်း စတဲ့ စစ်ရှောင်စခန်းမှာရှိတဲ့ စစ်ဘေးရှောင်တွေကို ကူညီသူတွေကို PNO ပြည်သူ့စစ်နဲ့ စစ်တပ်က သွားခွင့်မပေးခဲ့ဘူးလို့ ပြောပါတယ်။

စစ်ဘေးရှောင်ကူညီသူ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးက “စစ်ရှောင်တွေဘက် လာကူပေးဖို့ တောင်းဆိုတယ်။ ဒါပေမဲ့ ကျေးရွာလူကြီးတွေ အုပ်ချုပ်ရေးမှူးတွေ ပေးမဝင်ဘူး။ ကျမလည်း ကိုယ့်သဘောနဲ့ကိုယ် ကူမယ် လုပ်မယ်ဆိုလည်း စည်းကမ်းဖောက်တယ်ဆိုပြီး ကိုယ်ကခံရမယ်။ အကူအညီတောင်းတဲ့သူလည်း ခံရမယ်။ အဲလိုဆိုတော့ အဝင်ခံတဲ့ရွာ ခွင့်ပြုထားတဲ့နေရာတွေကိုပဲ ကျမဝင်တယ်” လို့ ပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ အလုပ်အကိုင်လည်းမရှိ၊ အကူအညီလည်းမရလို့ တချို့ရက်ဆို ထမင်းတနပ်သာ စားကြရတယ်လို့ ပြောပါတယ်။

စစ်ဘေးရှောင်တယောက်က “ကျမတို့ အသက်ကြီးပိုင်းကျ တနေ့ကို တနပ်ပဲ စားတယ်။ အဓိက ကလေးတွေကိုတော့ ပုံမှန်ကျွေးတယ်၊ အဆင်မပြေဘူး။ စစ်ရှောင်လာတာလည်း ၂ နှစ်ကျော်ပြီ။ ဒီမှာကျ မြေငှားရမ်းခ အကောက်ခွန်တွေလည်း ရှိတော့ ပိုပိုခက်ခဲတယ်” လို့ ပြောပါတယ်။

စစ်ရှောင်တွေဟာ လားရှိုး၊ လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲဘက်က ဒေသခံတွေဖြစ်ကြပြီး စားနပ်ရိက္ခာ၊ စောင်၊ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၂၀၂၄ ခုနှစ် တနှစ်အတွင်း တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ဘေးရှောင်နေရင်း စားဝတ်နေရေးခက်ခဲလို့ မိမိကိုယ်ကို အဆုံးစီရင်သူ ၂ ယောက်ရှိတယ်လို့ စစ်ရှောင်ကူညီသူထံမှ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013