DVB Logo
Home
မြန်မာသတင်း
ငါးသိုင်းချောင်းတွင် တိုက်ပွဲပြင်းထန်၊ ထွက်ပြေးတပ်သားများကို ရှာဖွေနေ
DVB
·
February 18, 2025
ငါးသိုင်းချောင်းတွင် တိုက်ပွဲပြင်းထန်၊ ထွက်ပြေးတပ်သားများကို ရှာဖွေနေ
Donate to DVB

ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့အမှတ် (၃၄၄) အမြောက်တပ်အနီး ဒဏ်ရာရရှိတဲ့ တပ်သားတွေကို ရေကြည်ဘက် သယ်ယူလာပြီး တပ်သားတချို့ ထွက်ပြေးတာကြောင့် လိုက်လံရှာဖွေနေတယ်လို့ ဒေသခံတွေ၊ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့ မြောက်စမ်းကျေးရွာရှိ အမှတ် ၃၄၄ အမြောက်တပ်ကို အာရက္ခတပ်တော်(AA) က ဦးတည်ထိုးစစ်ဆင် တိုက်ခိုက်လာနေပြီး လက်ရှိ အမြောက်တပ် ၃၄၄ ရဲ့ ကာကင်းစခန်းတွေမှာ တိုက်ပွဲပြင်းထန်နေကာ ဒဏ်ရာရရှိတဲ့ စစ်ကောင်စီတပ် သားတွေကို ဖေဖော်ဝါရီ ၁၇ ရက်က ရေကြည်ဘက်ကို ပြန်လည်သယ်ဆောင်နေတယ်လို့ ဆိုပါတယ်။

မျက်မြင်ဒေသခံတယောက်က “ထွက်ပြေး စစ်သားတွေရှိလို့ဆိုပြီး စကစ တပ်က မနေ့က အသည်းအသန် လိုက်ရှာတာ တွေ့ရတယ်။ စာဥစမ်းနဲ့ မြောက်စမ်းရွာဘက်တွေဘက် လိုက်ရှာတာပါ။ ဒီအနီးအနားပဲ လိုက်ရှာသွားတာ၊ အဝေးကို လိုက်တာမတွေ့ရဘူး။ သွေးသံတရဲရဲနဲ့ တပ်သားတွေကို ကားတွေနဲ့သယ်သွားတာ တွေ့ရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ဒဏ်ရာရရှိတဲ့ တပ်သားတွေကို စစ်ကား ၅ စီးလောက်နဲ့ သယ်ထုတ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် ဖေဖော်ဝါရီ ၁၇ ရက်ညအထိ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့ ဝန်ထမ်းတယောက်က “တိုက်ပွဲက အမြောက်တပ်နဲ့ တော်တော်နီးနေပြီ။ တိုက်ပွဲမှာ ဒဏ်ရာရတပ်သားတွေ ရှိပါတယ်။ စစ်ကူတပ်သားတွေလည်း လာချထားပါတယ်။ အမြောက်တပ်အနားနီးလာလေ တိုက်ပွဲက ပြင်းထန်လေပေါ့” လို့ ပြောပါတယ်။

စစ်ကောင်စီ အမြောက်တပ်ကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေပြီး ကျုံပျော်အခြေစိုက် ခလရ ၃၆ တပ်ကလည်း တိုက်ပွဲဖြစ်ပွားနေတဲ့နေရာကို တပ်သားတွေ အင်အားထပ်ဖြည့်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က လက်ရှိမှာ အမတ ၃၄၄ အလွန် ရေကြည်မြို့နယ် ရခိုင်နဲ့ ဧရာတီတိုင်း ကုန်းလမ်းဆက်သွယ်ရေးမှာ အဓိကကျတဲ့ ရေနံ့သာဂိတ်မှာ ခံစစ်အခိုင်အမာပြင်ထားတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013