DVB Logo
Home
မြန်မာသတင်း
လားရှိုးတွင် မီတာခသတ်မှတ်ရန် MNDAA က ပြည်သူ့သဘောထား တောင်းခံ
DVB
·
February 18, 2025
လားရှိုးတွင် မီတာခသတ်မှတ်ရန် MNDAA က ပြည်သူ့သဘောထား တောင်းခံ
Donate to DVB

ကိုးကန့်တပ်ဖွဲ့ MNDAA သိမ်းပိုက်ထိန်းချုပ်ထားတဲ့   အထူးဒေသ ၁  လားရှိုးမြို့မှာ ပြည်သူတွေ မီတာခသက်သာစေဖို့ မြို့ခံတွေရဲ့ သဘောထားဆန္ဒကို ရယူခဲ့တယ်လို့ MNDAA သတင်းအရင်းမြစ်တွေထံက သိရပါတယ်။

လားရှိုးမှာရှိတဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ နယ်မြေမှူး‌တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဒေသခံပြည်သူတွေကို စုပေါင်းစည်းဝေးကာ လျှပ်စစ်မီတာခ ကောက်ခံရေး လုပ်ငန်းစဉ်တွေကို MNDAA က တာဝန်ရှိသူတွေနဲ့ မနေ့ကဆွေးနွေးခဲ့ရာ ပြည်သူတွေဘက်ကလည်း သတ်မှတ်စေချင်တဲ့ မီတာခနှုန်းထားတွေကို တင်ပြခွင့်ရခဲ့ကြပြီး မကြာခင်အချိန်အတွင်း သင့်တင့်မျှတတဲ့ မီတာခနှုန်းထားတွေကို ထုတ်ပြန်ပေးသွားမယ်လို့ MNDAA သတင်းအရင်းမြစ်က DVB ကို ပြောပါတယ်။

“အခုလက်ရှိမှာက လျှပ်စစ်မီးကို အရင်က အဟောင်းတွေကို ပြုပြင်ပြီးတော့ ပေးနေတာ ရှိပါတယ်။ ဘယ်ကနေ ပေးနေတာလဲဆိုတာတော့ အတိအကျ ပြောလို့‌မရပါဘူး။ ဟိုဘက်က လေကြောင်းတိုက်မှာစိုးတဲ့အတွက် တရားဝင်ထုတ်ပြောထားတာ မရှိပါဘူး။ မီတာခကိစ္စကလည်း ပြည်သူတွေရဲ့အသံကို ပြန်ပြီးနားထောင်တာပေါ့။”

လားရှိုးမြို့မှာ လျှပ်စစ်မီတာခကောက်ခံရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ပြည်သူတွေကို လိုအပ်တာတွေ ရှင်းပြခဲ့ပြီး ဒေသခံပြည်သူတွေ တတ်နိုင်တဲ့ လျှပ်စစ်မီတာခ နှုန်းထားတွေကိုလည်း မေးမြန်းခဲ့ရာ ပြည်သူတွေတင်ပြတဲ့အတိုင်း သင့်တင့်တဲ့ နှုန်းထားတွေ သတ်မှတ်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။

MNDAA သတင်းအရင်းမြစ်က “အခုလက်ရှိ အခြေအနေက အရင် စကစ လက်ထက်ကယူတဲ့ နှုန်းထားနဲ့ မရတော့ပေမဲ့ အများကြီး ဈေးကြီးမသွားအောင်၊ ပြည်သူတွေဘက်ကလည်း ပေးနိုင်အောင်၊ ဒီဘက်ကလည်း သင့်တင်တဲ့နှုန်းထား သတ်မှတ်ပေးနိုင်အောင် အချင်းချင်းညှိယူကြတာပါ” လို့ ဆက်ပြောပါတယ်။

လားရှိုးမြို့ကို MNDAA သိမ်းပိုက်ပြီးတဲ့နောက် ရေ၊ လျှပ်စစ်မီးရရှိဖို့၊ အုပ်ချုပ်ရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ကိစ္စတွေကို ဆက်တိုက်ဆောင်ရွက်နေတာကြောင့် လားရှိုးမြို့ဟာ ပုံမှန်အတိုင်း ပြန်လည် လည်ပတ်နေပြီ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ပထမအပတ်တုန်းက လားရှိုးမြို့ကနေ MNDAA တပ်တွေ ပြန်လည်ဆုတ်ခွာရမယ် ဆိုတာနဲ့ မြို့ကို စစ်ကောင်စီနဲ့ တဝက်စီ အုပ်ချုပ်တော့မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ အဲဒါတွေဟာ အခြေအမြစ်မရှိဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013