DVB Logo
Home
မြန်မာသတင်း
မြန်မာ ကျားဖြန့်ဂိုဏ်းများမှ နိုင်ငံခြားသား ၁၀,၀၀၀ ကို ကယ်တင်နိုင်ရန် ထိုင်းရဲတပ်ဖွဲ့ ခန့်မှန်း
DVB
·
February 18, 2025
မြန်မာ ကျားဖြန့်ဂိုဏ်းများမှ နိုင်ငံခြားသား ၁၀,၀၀၀ ကို ကယ်တင်နိုင်ရန် ထိုင်းရဲတပ်ဖွဲ့ ခန့်မှန်း
Donate to DVB

ထိုင်းနယ်စပ်အနီး နိုင်ငံဖြတ်ကျော် ရာဇ၀တ်ဂိုဏ်းတွေကို အာဏာပိုင်တွေက နှိမ်နင်းနေချိန်မှာ မြန်မာနိုင်ငံဘက်က ကျားဖြန့်အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေထဲ ပိတ်မိနေတဲ့ နိုင်ငံခြားသား ဦးရေ ၁၀,၀၀၀ အထိ ကယ်တင်နိုင်ဖို့ ထိုင်းရဲတပ်ဖွဲ့က ခန့်မှန်းထားတဲ့အကြောင်း Bangkok Post သတင်းမှာ ဖေဖော်ဝါရီ ၁၇ ရက်က ဖော်ပြပါတယ်။

ထိုင်းရဲတပ်ဖွဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးဌာနနဲ့ ဆိုက်ဘာလုပ်ငန်းအဖွဲ့ ဒါရိုက်တာ ဗိုလ်မှူးကြီး ထက်ချိုင်းဖိထားနီလာဘူထာ့က ထိုင်းအာဏာပိုင်တွေအနေနဲ့ အမျိုးသား လွှဲပြောင်းပေးရေး ယန္တရား (NRM) မူဘောင်အရ လူကုန်ကူးခံရသူတွေနဲ့ ကောလ်စင်တာ လိမ်လည်သူတွေကို သက်ဆိုင်ရာ သူတို့နိုင်ငံတွေ အသီးသီးကို ပြန်လည်ပို့ဆောင်နိုင်ရေး မြန်မာဘက်နဲ့ ဆွေးနွေးနေတဲ့အကြောင်း တနင်္လာနေ့မှာ ပြောကြားလိုက်တာပါ။

ဒါ့အပြင် ထိုင်းနိုင်ငံက ဒီကိစ္စမှာ ကြားခံအနေနဲ့သာ ဆောင်ရွက်ပေးတာဖြစ်ပြီးတော့ လူကုန်ကူးသူတွေ၊ ဒါမှမဟုတ် လိမ်လည်သူတွေကို တရားဥပဒေအရ အရေးယူလိုပါက မြန်မာအာဏာပိုင်တွေဆီ တိုင်ကြားရမယ်လို့လည်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က ဘန်ကောက်မြို့က ထိုင်းရဲတပ်ဖွဲ့ရုံးချုပ်မှာ ပြုလုပ်တဲ့ အစည်းအဝေးကိုတော့ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာ ကုလသမဂ္ဂရုံးနဲ့ အမေရိကန်သံရုံးရဲ့ အမိမြေလုံခြုံရေး စုံစမ်းစစ်ဆေးရေးရုံး ကိုယ်စားလှယ်တွေ အပါအဝင် သက်ဆိုင်ရာ  သံရုံးကိုယ်စားလှယ်တွေ အသီးသီးတက်ရောက်ခဲ့ကြပြီးတော့ ထိုင်းနယ်စပ်အနီးက ကောလ် စင်တာလိမ်လည်မှုတွေနဲ့ လူကုန်ကူးမှုဆိုင်ရာ ပြဿနာတွေကို ကိုင်တွယ် ဖြေရှင်းဖို့ ဆွေးနွေးခဲ့ကြတာပါ။

ဒါ့အပြင် အစည်းအဝေး တက်ရောက်လာသူတွေက လိမ်လည်သူတွေရဲ့ တည်နေရာတွေကို ဖော်ထုတ်ဖို့နဲ့ ကျူးလွန်သူတွေနဲ့ ကျူးလွန်ခံရသူတွေကို ခွဲခြားသိရှိနိုင်ဖို့ အချက်အလက်တွေ မျှဝေခဲ့ကြတယ်လို့လည်း ဗိုလ်မှူးကြီးထက်ချိုင်းက ပြောပါတယ်။

ထိုင်းရဲတပ်ဖွဲ့အနေနဲ့ လိမ်လည်မှုနဲ့ လူကုန်ကူးမှုတွေကို အတူတကွ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ သံရုံးတွေနဲ့ နောက်ထပ်အချက်အလက်တွေ ဖလှယ်နိုင်ဖို့ အွန်လိုင်း ပလက်ဖောင်းတခုကို ဖန်တီးထားတယ်လို့လည်း ဆိုပါတယ်။

တချိန်တည်းမှာပဲ ကျားဖြန့် အွန်လိုင်းလောင်းကစားနဲ့ တယ်လီကွန်း လိမ်လည်မှု တိုက် ဖျက်ရေးအတွက် တရုတ်နိုင်ငံဟာ ထိုင်း၊ မြန်မာနဲ့ တခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင် ရွက်နေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီ ၁၇ ရက်မှာ ပြောထားသလို ထိုင်းကာကွယ်ရေးဝန်ကြီး ဖုန်ထမ်ဝီချရာချိုင်ကလည်း ထိုင်း၊ မြန်မာနဲ့ တရုတ်တို့က ဒီကိစ္စကို နှစ်လကြာ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အကြောင်း ပြောလိုက်တာပါ။

ဒါ့အပြင် သူဟာ တရုတ်ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီး လျှိုကျုံးရီနဲ့ မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနတို့နဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ့် စစ်ဆင်ရေးကို ဆွေးနွေးခဲ့ပြီး ဖြစ်သလို စစ်ဆင်ရေးတိုးတက်မှုကို စောင့်ကြည့်ဖို့အတွက် မစ္စတာလျှိုနဲ့ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ထပ်မံပြီးတော့ တွေ့ဆုံဖို့ ရှိနေတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013