DVB Logo
Home
နိုင်ငံတကာ
စင်ကာပူ အတိုက်အခံခေါင်းဆောင်အား လွှတ်တော်ကို လိမ်လည်မှုဖြင့် စီရင်ချက်ချ
DVB
·
February 17, 2025
စင်ကာပူ အတိုက်အခံခေါင်းဆောင်အား လွှတ်တော်ကို လိမ်လည်မှုဖြင့် စီရင်ချက်ချ
Donate to DVB

စင်ကာပူ အတိုက်အခံ အလုပ်သမားပါတီခေါင်းဆောင် ပရီတမ် ဆင်းဂ်ဟာ လွှတ်တော်ကို လိမ်လည်မှု ၂ ခုအတွက် အပြစ်ရှိတယ်လို့ စင်ကာပူ တရားရုံးတရုံးက ဖေဖော်ဝါရီ ၁၇ ရက်မှာ စီရင်ချက်ချခဲ့ပြီး အခုနှစ် အထွေထွေရွေးကောက်ပွဲမှာ သူဝင်ပြီးမပြိုင်ဖို့ကိုလည်း တားမြစ်လိုက်ပါတယ်။

ဆင်းဂ်က သူ့မှာ အပြစ်မရှိကြောင်း လျှောက်လဲခဲ့ပြီး တနင်္လာနေ့နှောင်းပိုင်းမှာ စီရင်ချက်ချမှာပါ။

စွဲချက်တခုစီအတွက် အမြင့်ဆုံး ဒဏ်ငွေ စင်ကာပူဒေါ်လာ ၇,၀၀၀ (ဒေါ်လာ ၅,၂၃၁) ပေးဆောင်ဖို့ တောင်းခံထားပါတယ်။

စင်ကာပူနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘယ်သူမဆို အနည်းဆုံး ဒဏ်ငွေ စင်ကာပူဒေါ်လာ ၁၀,၀၀၀ (ဒေါ်လာ ၇,၆၄၈) ဒါမှမဟုတ် အနည်းဆုံး ထောင်ဒဏ်တနှစ် ချမှတ်ခံရသူတွေဟာ လွှတ်တော်အမတ်အဖြစ် အရည်အချင်း မပြည့်မီလို့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရနိုင်ပါဘူး။

ဒဏ်ကြေးငွေတွေကို တပေါင်းတည်း ချမှတ်မလား ဆိုတာတော့ မသေချာသေးပါဘူး။ စင်ကာပူနိုင်ငံရဲ့ လာမယ့်အထွေထွေရွေးကောက်ပွဲကို အခုနှစ် နိုဝင်ဘာလမှာ ကျင်းပမှာပါ။

အသက် ၄၈ နှစ်အရွယ် ဆင်းဂ်ကို တရားစွဲဆိုချက်တွေဟာ လွှတ်တော်ကို လိမ်လည်မှုနဲ့ စွပ်စွဲခံရတဲ့ သူ့ပါတီဝင်တယောက်နဲ့ ပတ်သက်ပြီး သူက ၂၀၂၁ ခုနှစ်မှာ လွှတ်တော်ကော်မတီကို မဟုတ်မမှန် ထွက်ဆိုခဲ့တယ် ဆိုတဲ့ စွဲချက်တွေကြောင့် ဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013