DVB Logo
Home
မြန်မာသတင်း
သာပေါင်းတွင် စစ်မှုထမ်းမရှာနိုင်သည့် ရပ်ကျေးစာရေးများအား နုတ်ထွက်ခိုင်း
DVB
·
February 17, 2025
သာပေါင်းတွင် စစ်မှုထမ်းမရှာနိုင်သည့် ရပ်ကျေးစာရေးများအား နုတ်ထွက်ခိုင်း
Donate to DVB

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ် ရပ်ကွက်နဲ့ ကျေးရွာရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရပ်ကျေးစာရေးတွေ ဖေဖော်ဝါရီ ၁၅ ရက်က အများစု နုတ်ထွက်စာတင်ကြောင်း သိရပါတယ်။

သာပေါင်းမြို့နယ် လပတ်အစည်းအဝေးမှာ စစ်မှုထမ်းမရှာနိုင်တဲ့ ရပ်ကျေးစာရေးတွေကို မြို့နယ်အုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က ပြောဆိုခဲ့တာကြောင့် သာပေါင်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူထံက သိရပါတယ်။

သာပေါင်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက “လစဉ် စစ်မှုထမ်းတိုးပြီးရှာခိုင်းတာ မရလို့ဆိုပြီး မြို့နယ် လပတ်အစည်းအဝေးမှာ မရှာနိုင်ရင် နုတ်ထွက်စာတင်ဖို့ ပြောတာ၊ ရပ်ကျေးစာရေးအများစုက နုတ်ထွက်စာတင်ကြတယ်” လို့ ပြောပါတယ်။

သာပေါင်းမြို့နယ်၊ ရပ်ကျေးတွေကို မြို့နယ်အုပ်ချုပ်ရေးက စစ်မှုထမ်းဦးရေ တိုးရှာခိုင်းတာ မရလို့ဆိုပြီး သူတို့ လပတ်အစည်းအဝေးမှာ မရှာနိုင်ရင် နုတ်ထွက်စာတင်လို့ လပတ်အစည်းအဝေးမှာ ပြောကြားခြင်းဖြစ်ပါတယ်။

သာပေါင်းမြို့မှာ နေထိုင်သူတယောက်က “အရင်က ကျေးရွာအုပ်စုတစု တယောက် ၂ ယောက် ရှာပေးရတာ၊ အခု ထပ်တိုးပြီးရှာခိုင်း၊ နုတ်ထွက်စာတင်ဆို ရပ်ကျေးစာရေး အများစုက တင်ကြတယ် ကြားတယ်” လို့ ပြောပါတယ်။

သာပေါင်းမြို့နယ်၊ ရပ်ကျေးစာရေးများ ဖေဖော်ဝါရီ ၁၅ ရက်က နုတ်ထွက်စာတင်ကြကြောင်း သာပေါင်း‌မြို့နယ် အုပ်ချုပ်ရေးနဲ့ နီးစပ်သူထံက သိရပါတယ်။

သာပေါင်းမြို့နယ်၊ ကျေးရွာတွေမှာ ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းရှိ အိမ်တွေက တချို့ကျေးရွာတွေမှာ ၅၀,၀၀၀ ကျပ်ပေးရပြီး တချို့ကျေးရွာတွေမှာ ၁၀၀,၀၀၀ ပေးရတယ်၊ စစ်မှုထမ်း အသက်အတွင်းရှိရင် တယောက်ရှိတယောက်၊ နှစ်ယောက်ရှိရင် နှစ်ယောက်စာ ပေးရကြောင်း သိရပါတယ်။

သာပေါင်းမြို့နယ်မှာ မြို့ပေါ် ၃ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၆၇ အုပ်စု ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013