
မြောက်ကိုရီးယားဟာ အောက်တိုဘာ ၂၉ ရက်မှာ အရှေ့ဘက်ကမ်းလွန် ပင်လယ်ပြင်ဆီ ဒုံးကျည်တစင်း ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးက ပြောပါတယ်။
ပစ်ခတ်လိုက်တဲ့ အရာဟာ ပဲ့ထိန်းဒုံးကျည် ဖြစ်နိုင်ပြီး ပင်လယ်ထဲ ကျဆင်းသွားတယ်လို့ ဂျပန် ကမ်းခြေစောင့်တပ်က ပြောပါတယ်။
ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကလည်း မြောက်ကိုရီးယားဘက်က ပဲ့ထိန်းဒုံးကျည်ဖြစ်နိုင်တဲ့ လက်နက် ပစ်ခတ်တာကို တွေ့ရှိခဲ့တယ်လို့ ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြပါတယ်။
ပြီးခဲ့တဲ့လက နယ်စပ်မှာ မြေမြှုပ်မိုင်းပေါက်ကွဲပြီး တောင်ကိုရီးယားစစ်သားတွေ ဒဏ်ရာရခဲ့လို့ စစ်ရေးတင်းမာနေချိန် အောက်တိုဘာ ၁၂ ရက်တုန်းကလည်း မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်တွေ ပစ်ခတ်ခဲ့ပါသေးတယ်။
မြောက်ကိုရီးယားဟာ ဒီနှစ်ထဲမှာတင် ဒုံးကျည်စမ်းသပ်မှုတွေကို ၁၀ ကြိမ်ထက်မက ပြုလုပ်ထားပြီး ဖြစ်ပါတယ်။
Source: Reuters











