မြောက်ကိုရီးယား အလုပ်သမားပါတီရဲ့ ထိပ်တန်းအရာရှိ ဂျိုယောင်ဝမ်ဟာ ရုရှားနိုင်ငံဆီ ထွက်သွား တယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA က နိုဝင်ဘာ ၁၅ ရက်မှာ ဖော်ပြပါတယ်။
သီးခြားအတည်မပြုနိုင်သေးတဲ့ KCNA ရဲ့ ဗီဒီယိုမှတ်တမ်းထဲမှာ နိုဝင်ဘာ ၁၄ ရက်က ဂျိုယောင်ဝမ်ကို မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချွဲဆွန်ဟွီ အပါအဝင် တခြားမြောက်ကိုရီးယား အဆင့်မြင့်အရာရှိကြီးတွေနဲ့ မြောက်ကိုရီးယားဆိုင်ရာ ရုရှား သံအမတ်ကြီးအန်ဒရီ ပိုဒလီရှက်ဗ်တို့က ကြိုဆိုနှုတ်ဆက်နေတာကို တွေ့ရပါတယ်။
ဒီခရီးစဉ်ဟာ ရုရှားနိုင်ငံရဲ့ အာဏာရပါတီဖြစ်တဲ့ "United Russia" ပါတီရဲ့ ဥက္ကဋ္ဌ ဒီမီထရီ မက်ဗီဒက်ဗ်ရဲ့ ဖိတ်ကြားချက်အရ သွားတာလို့ KCNA က ဖော်ပြထားပါတယ်။ ဒါပေမဲ့ ခရီးစဉ်နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်မပြောခဲ့ပါဘူး။
Source: Reuters











