DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်မည့် အလင်းဝင် တပ်သား ညီညီဖြိုး
DVB
·
February 16, 2025
စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်မည့် အလင်းဝင် တပ်သား ညီညီဖြိုး
Donate to DVB

ရှမ်းနီတပ်ရဲ့ ဖမ်းဆီးခံရပြီး ရှေ့တန်းတိုက်ပွဲအပို့ခံရတဲ့ စစ်သားတဦးဟာ ဖေဖော်ဝါရီ ၁၆ ရက် မနက်မှာ ပုလဲမြို့နယ် ကျားသစ်နက်ပြည်သူ့ကာကွယ်ရေးတပ်ဆီ အလင်းဝင်ရောက်လာတယ်လို့ ကျားသစ်နက် တာဝန်ရှိသူက ပြောပါတယ်။

ပုလဲမြို့နယ် ကျားသစ်နက်ပြည်သူ့ကာကွယ်ရေးတပ်ထံ အလင်း‌‌ဝင်ရောက်တဲ့ စစ်သားဟာ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ရသစ်ရွာသားတဦး ဖြစ်တယ်လို့လည်း သိရပါတယ်။

“ကျနော်အမည်က ညီညီဖြိုးပါဗျ။ ကိုယ်ပိုင်အမှတ်တသ၊ ၁၂၇၈၆၉ ဖြစ်ပါတယ်ဗျ။ ကျနော်က ဘုတလင်မြို့နယ်၊ ရသစ်ရွာသားတဦးပါ။ ကျနော် ဟုမ္မလင်း မြို့နယ်ထဲက ရွှေမျှောမှာ လုပ်သားတဦးအဖြစ်လုပ်ကိုင်နေစဉ် ရှမ်းနီတပ်ရဲ့ ဖမ်းဆီးတာခံရတယ်ဗျ။ ရှမ်းနီတပ်ကနေ ဟုမ္မလင်းရဲစခန်းက ရဲတွေဆီကို ကျနော့်ကို ရောင်းစားခံရပါတယ်။ အဲဒီဟုမ္မလင်းရဲစခန်းကနေ ကလေးမြို့ တသက ၁၀ မှာ သင်တန်း ၃ လ တက်ရတယ်ဗျ။ အဲဒီကနေ ပခုက္ကူ တပ်ရင်း ၂၅၁ ဆီအပို့ခံရတယ်ဗျ။ အဲဒီကနေ ၃ လ စစ်သင်တန်းပေးပြီး ကျနော်တို့ကို တိုက်ပွဲဖြစ်နေတဲ့ မြိုင်ကို အပို့ခံရတာ။ အဲဒီမြိုင်ကနေ ကျနော် အခုလို အလင်းဝင်ရောက်လာခဲ့တာဗျ” လို့  ကိုညီညီဖြိုးက ပြောပါတယ်။

အလင်းဝင်ရောင်လာတဲ့ ကိုညီညီဖြိုးဟာ စစ်ကောင်စီတပ်ဘက်ကနေ ကျည်ဆန် ၁၃၀၊ လက်ပစ်ဗုံးတလုံး၊ နင်းမိုင်းတခုနဲ့အတူ ကျားသစ်နက်ပြည်သူ့ကာကွယ်ရေးတပ်ထံ အလင်းဝင်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

ကျားသစ်နက်အဖွဲ့ရဲ့ တပ်ရင်းမှူး ဗိုလ်ဥက္ကာက “ကျနော်တို့အနေနဲ့ကတော့ စစ်အာဏာရှင်ဘက်ကနေ ပြည်သူဘက်ကို အလင်းဝင်လာမဲ့ ဘယ်သူကိုမဆို အမြဲတမ်းကြိုဆို နေပါတယ်ဗျ။ ကျနော်တို့ ပြည်သူဘက် အလင်းဝင်လာတဲ့ စစ်သားကို သိန်း ၂၀ ဆုချတာတွေလည်း ပြုလုပ်သွားမယ်” လို့ DVB ကို ပြောပါတယ်။

အလင်းဝင်ရောက်လာတဲ့ တပ်သား ညီညီဖြိုးဟာ ပြည်သူ့ကာကွယ်ရေးတပ်သား PDF အဖြစ် ပြန်လည်လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013