DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတွင် စစ်ရှောင်နှင့် ဒေသခံများ ဝမ်းပျက်ဝမ်းလျှောနှင့် အရေပြားယားနာ ဖြစ်နေ
DVB
·
February 16, 2025
တနင်္သာရီတွင် စစ်ရှောင်နှင့် ဒေသခံများ ဝမ်းပျက်ဝမ်းလျှောနှင့် အရေပြားယားနာ ဖြစ်နေ
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအုပ်စုထဲရှိ တိုက်ပွဲကြောင့် စစ်ရှောင်နေရတဲ့ ကျေးရွာ ၂ ရွာက ဒေသခံပြည်သူတွေမှာ ဝမ်းပျက်ဝမ်းလျှောနဲ့ အရေပြား ယားနာရောဂါ ဝေဒနာတွေ ခံစားနေရတယ်လို့ နွေဦး-မေတ္တာ စစ်ရှောင်ကူညီပံ့ပိုးရေးအဖွဲ့ဆီက သိရပါတယ်။

တိုက်ပွဲကြောင့် တောတောင်တွေထဲမှာ စစ်ရှောင်နေရတဲ့ ထုံမခါကျေးရွာနဲ့ သဘော့လိပ်ရွာက ပြည်သူတွေဟာ နေ့စဉ် သောက်သုံးဖို့ ရေကို တောင်ကျရေတွေကတဆင့် ကျိုချက်အသုံးပြုကာ သောက်သုံးနေရသလို တကိုယ်ရေသန့်ရှင်းဖို့အတွက်လည်း တောင်ကျရေကို အသုံးပြုနေကြရပါတယ်။

သစ်ပင်၊ ဝါးပင်တွေကြား စီးဆင်းလာတဲ့ တောင်ကျရေကို တဆင့်ခံသုံးစွဲနေရပြီး အဆိုပါရေတွေထဲမှာ ကပ်ပါလာတဲ့ အမှိုက်တွေကြောင့် ဝမ်းပျက်ဝမ်းလျှောနဲ့ အရေပြားယားနာတွေ ဖြစ်နေကြတယ်လို့ နွေဦး-မေတ္တာ စစ်ဘေးရှောင်ကူညီပံ့ပိုးရေး အဖွဲ့ဝင်တယောက်က ပြောပါတယ်။

“အဓိကအရင်းအမြစ်က ရေကြောင့် ဖြစ်နေတယ်။ အပေါ်က စီးဆင်းလာတဲ့ရေတွေက သစ်ပင်ကြား၊ ဝါးပင်တွေကြားကနေ ထွက်လာတဲ့ရေတွေပါ။ ဒီရေတွေကို သုံးနေရလို့ ထင်တယ်။ တောင်ပေါ်ရေ ဆိုပေမဲ့ ရေစီးမသန်တော့ အမှိုက်တွေ များတာပေါ့၊ သူတို့ အိမ်က ရေခွက်တွေနဲ့  သွားခပ်ပြီးမှ ဒီရေတွေကိုပဲ ကျိုချက်ပြီး သုံးနေရတယ်။”

စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်ကတည်းက အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာပြီး တိုက်ပွဲဖြစ်ပွားတာကြောင့် ထုံမခါနဲ့ သဘော့လိပ်ကျေးရွာက ဒေသခံပြည်သူတွေဟာ တောတောင်တွေထဲ ပြောင်းရွှေ့နေထိုင်နေကြရပါတယ်။

လက်ရှိအချိန် စစ်ကောင်စီစစ်ကြောင်းဟာ ထုံမခါကျေးရွာထဲမှာ အထိုင်ချထားပြီး စစ်ရေးတင်းမာနေဆဲ ဖြစ်တာကြောင့် ဒေသခံပြည်သူတွေမှာ ရွာထဲပြန်လည်အခြေချဖို့ မရသေးဘဲ ဆေးဝါးနဲ့ စားနပ်ရိက္ခာ လိုအပ်နေပြီး ရေရှည်ရပ်တည်ဖို့အတွက် အလုပ်အကိုင်တွေလည်း မရှိတာကြောင့် ခက်ခဲလာတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013