DVB Logo
Home
မြန်မာသတင်း
ပုသိမ်တွင် တညတည်း အရပ်သား အယောက် ၃၀ ကျော်ဖမ်းခံရ
DVB
·
February 15, 2025
ပုသိမ်တွင် တညတည်း အရပ်သား အယောက် ၃၀ ကျော်ဖမ်းခံရ
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ပေါ်ကန ပြည်သူ အယောက် ၃၀ ထက်မနည်းကို စစ်ကောင်စီတပ်က အိမ်စီးကားနဲ့ ကင်းလှည့်ရင်း ဖေဖော်ဝါရီ ၁၄ ရက် မနေ့ညက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အမှတ် ၆၊ အမှတ် ၇၊ အမှတ် ၃၊ အမှတ် ၄ နဲ့ အမှတ် ၈ ရပ်ကွက်တို့က ဒေသခံ အရပ်သားတွေကို စစ်သားနဲ့ ရဲတွေက ကင်းလှည့်ရင်း ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “အဖမ်းခံရတာ မိန်းကလေးတွေပါ ပါတယ်လို့သိရတယ်။ တပ်နဲ့ရဲက အိမ်စီးကားတွေနဲ့လိုက်ဖမ်းတာ။ တချို့ဆို ဆိုင်ကယ်တွေပါ အသိမ်းခံရတာ။ ညဘက်အပြင်ထွက်လို့ ဖမ်းတာလို့သိရတာ” လို့ ပြောပါတယ်။

အဲဒီ အဖမ်းခံရတဲ့အရပ်သားတွေထဲမှာ လူငယ်တွေအများစုပါဝင်ပြီး ဒီနေ့ ဖေဖော်ဝါရီ ၁၅ ရက်အထိ တယောက်မှ ပြန်မလွတ်လာသေးဘဲ အဖမ်းခံရတဲ့အထဲ မိန်းကလေး ၆ ယောက်ပါတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “ဘယ်ဖမ်းသွားတယ်ဆိုတာ မသိဘူး၊ အဖမ်းခံသူတွေက လူငယ်တွေပါ။ ယောကျ်ားလေးတွေတော့ ပေါ်တာဆွဲ တပ်ထဲအထည့်ခံရလောက်တယ်။ ဘီယာထိုင်သောက်နေတဲ့ လူငယ်တွေဆို စကစ တပ်က ရိုက်နှက်ဖမ်းသွားတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီ လက်အောက်ခံရဲတွေက လူငယ်တွေကိုဖမ်းဆီးခဲ့တဲ့အပြင် ဆိုင်ကယ် ၁၇ စီးနဲ့ လက်ကိုင်ဖုန်းတွေကိုလည်းသိမ်းယူသွားတယ်လို့ ဆိုပါတယ်။

Photo – LL

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013