
စပိန်ကမ်းခြေစောင့်သင်္ဘော တစီးဟာ ကာနာရီကျွန်းရှိ ရွှေ့ပြောင်းအခြေချသူ ၆၄ ဦးကို ကယ်ဆယ်ခဲ့ ပါတယ်။
စပိန်တပ်ဖွဲ့ဟာ ရွှေ့ပြောင်းတွေကို ဂရန်ကာနာရီယာကျွန်းရှိ အာရူနီဂန်သင်္ဘောဆိပ်ကို ပို့ဆောင်ပေး ခဲ့ပါတယ်။
သစ်သားလှေနဲ့လာရောက်တဲ့ ရွှေ့ပြောင်းတွေဟာ မောပန်းနေတဲ့ လူတွေနဲ့ ဒဏ်ရာရထားတဲ့ သူ အနည်းငယ်ပါဝင် ပါတယ်။
အဲ့ဒီသင်္ဘောကို ဂရန်ကာနာရီယာတောင်ဘက် ၆ မိုင်အကွာမှာ တွေ့ရှိခဲ့တာဖြစ်ကြောင်း ကြက်ခြေနီ အဖွဲ့က ဆိုပါတယ်။
အာဖရိကတိုက်ရဲ့ အတ္တလန်တစ်ကမ်းခြေမှာ စပိန်နိုင်ငံပိုင်း ကျွန်း ၇ ကျွန်းရှိပြီး မာလီ၊ ဆီနီ ဂေါနဲ့ မိုရိုကိုနိုင်ငံတို့က တရားမဝင် ဝင်ရောက်တဲ့ ရွှေ့ပြောင်းအချေသူတွေရှိပါတယ်။
၂၀၂၄ ခုနှစ်က ရွှေ့ပြောင်း ၄၆၈၄၃ ဦး လာရောက်ခဲ့ပြီး ဒီပမာဏဟာ စပိန်နိုင်ငံကို တရားမဝင် ရွှေ့ပြောင်းတွေ လာရောက်တဲ့ အရေအတွက်အများဆုံး ဒုတိယနှစ်လည်း ဖြစ်ပါတယ်။
ဒါဟာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရဖြစ် ပြီး စပိန်နိုင်ငံကို တရားမဝင် လာရောက်တဲ့ သူတွေရဲ့ ၇၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်အတွင်း ကာနာရီကျွန်းတွေကို လာရောက်တဲ့သူတွေ အနည်းဆုံး ၃၂၂၃ ဦး ရှိတယ်လို့ စပိန်ပြည်ထဲရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။
Source-Reuters










