DVB Logo
Home
နိုင်ငံတကာ
နေတိုးကို မဝင်နိုင်ပါက ယူကရိန်းတပ်အရွယ်အစား ၂ ဆတိုးရန်လိုအပ်ဟု ဇလန်းစကီးပြော
DVB
·
February 15, 2025
နေတိုးကို မဝင်နိုင်ပါက ယူကရိန်းတပ်အရွယ်အစား ၂ ဆတိုးရန်လိုအပ်ဟု ဇလန်းစကီးပြော
Donate to DVB

ယူကရိန်းဟာ နေတိုးစစ်မဟာမိတ်အဖွဲ့ထဲကို မပါဝင်နိုင်ခဲ့ဘူးဆိုရင် သူ့ရဲ့စစ်တပ်အရွယ်အစားကို လူ ၁ ဒသမ ၅ သန်း အထိ ၂ ဆတိုးဖို့ လိုအပ်ကြောင်း ယူကရိန်းသမ္မတ  ဇလန်းစကီးက ဖေဖော်ဝါရီ ၁၄ ရက် သောကြာနေ့ မြူးနစ်လုံခြုံရေးညီလာခံမှာ ပြောကြားလိုက်ပါတယ်။

ဒါပေမယ့် နေတိုးမဟာမိတ်ဖြစ်ဖို့ကို အမေရိကန်က ကိယက်ဗ်ကို ဆန့်ကျင်ကန်ကွက်ခဲ့တာကိုလည်း အသိအမှတ်ပြုလိုက်ပြီး ဝါရှင်တန်ဟာ ယူကရိန်းကို နေတိုးအဖွဲ့ဝင်အဖြစ် အမှန်တကယ် မတွေးထားဖူးကြောင်း၊ သမ္မတ ဘိုင်ဒန်နဲ့ ပထမဆုံးအကြိမ် ဖုန်းပြောတုန်းက ယူကရိန်းကို နေတိုးကို ဝင်ခွင့်ပြုမလားဆိုပြီး မေးတုန်းက မရဘူးလို့ ဖြေကြားပြီး အစည်းအဝေးတွေ အများကြီး လုပ်ရဦးမယ်လို့ ဘိုင်ဒန်က ပြောကြားကြောင်းနဲ့ သူတို့က “အဲဒါကို ပြောဆိုရုံသာ” လောက်ပဲဖြစ်ကြောင်း ဇလန်းစကီးက ပြောပါတယ်။ 

ဒါပေမယ့် သူတို့က နေတိုးမှာ ယူကရိန်းကို မလိုလားဘူးဆိုတာ အမှန်ပါပဲလို့လည်း ဆိုပါတယ်။

အထူးသဖြင့် အခု သမ္မတ ထရမ့်ပ်နဲ့လည်း စကားပြောဖြစ်တော့ ဒီနေ့အတွက် နေတိုးကို ဝင်မရရင် မနက်ဖြန်မှာလည်း နေတိုး ဝင်ဖို့ကိစ္စ ထပ်မေးနေဦးမှာပဲလို့လည်း ဇလန်းစကီးက ပြောဆိုပါတယ်။

တကယ့် နေတိုးအဖွဲ့ထဲကို ဝင်လို့မရရင် ယူကရိန်းမှာပဲ နေတိုး ထပ်ဖွဲ့ရမှာပဲလို့လည်း ဆိုပါတယ်။

ယူကရိန်းမှာ တပ်မဟာပေါင်း ၁၁၀ ရှိပြီး ရုရှားမှာ တပ်မဟာပေါင်း ၂၂၀  ရှိတာကြောင့် ရုရှားက ယူကရိန်းထက် ၂ ဆ ပိုကြီးနေတာကြောင့် ယူကရိန်းစစ်တပ်ကို ၂ ဆတိုးရမယ်လို့ ဇလန်းစကီးက မြူးနစ်ချ်ညီလာခံမှာ ပြောသွားပါတယ်။ 

သူဟာ ရုရှားလူမျိုးတွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး သူနဲ့ပြောဆိုဆွေးနွေးရမယ့် တယောက်တည်းသော ရုရှားလူမျိုးကတော့ သမ္မတ မာပူတင်ပဲ ဖြစ်ကြောင်း၊ ဒါကိုလည်း ယူကရိန်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ဥရောပခေါင်းဆောင်တွေနဲ့ ဘုံအစီအစဉ်တစ်ရပ်ကို သဘောတူပြီးတာနဲ့ လုပ်ဆောင်မှာဖြစ်ကြောင်း ပြောဆိုပါတယ်။ 

တခြားအပေးအယူလုပ်တဲ့ ပလက်ဖောင်းတွေမှာ မဟုတ်ဘဲ ဒီကိစ္စအတွက်ပဲ ပူတင်နဲ့ ထိုင်ပြီး စစ်ပွဲ ရပ်ဖို့ ပြောမယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောသွားပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013