DVB Logo
Home
မြန်မာသတင်း
ရွှေကုက္ကိုလ်မြို့ကို BGF တပ်က ဝိုင်းပိတ်ပြီး ကျားဖြန့် နှိမ်နှင်းမှု စစ်ဆင်ရေးလုပ်နေ (ဓာတ်ပုံ) 
DVB
·
February 14, 2025
ရွှေကုက္ကိုလ်မြို့ကို BGF တပ်က ဝိုင်းပိတ်ပြီး ကျားဖြန့် နှိမ်နှင်းမှု စစ်ဆင်ရေးလုပ်နေ (ဓာတ်ပုံ) 
1 / 9
Donate to DVB

မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်မြို့ကို ကရင်နယ်ခြားစောင့်တပ် (BGF) တပ်တွေက ဖေဖော်ဝါရီ ၁၄ ရက်မှာ  ဝိုင်းပိတ်ပြီး ကျားဖြန့် နှိမ်နှင်းမှု စစ်ဆင်ရေးပြုလုပ်နေပါတယ်။ 

လတ်တလော တရုတ်နိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသား ၁၀၀၀ ကျော်ကို ကယ်တင်ထားပြီး ထိုင်းဘက်သို့လွှဲပေးဖို့ ပြင်ဆင်နေတယ်လို့  BGF ခေါင်းဆောင်တယောက်က ပြောပါတယ်။

မြန်မာဘက်ခြမ်း  ရွှေကုက္ကိုလ်မြို့မှာ  မတရား ခိုင်းစေခံရတဲ့ နိုင်ငံခြားသာတွေထဲက ပထမအသုတ်အဖြစ် အယောက် ၁၀၀၀ ကို ထိုင်းဘက်ပြန်ပို့ဖို့ ကရင်နယ်ခြားစောင့်တပ်က အသင့်ဖြစ်နေပြီလို့  ထိုင်းသတင်းဌာနတွေကလည်း ဒီကနေ့ သတင်းထုတ်လွှင့်သွားပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်ကလည်း မြဝတီမြို့နယ် ကျောက်ခက်ကျေးရွာရှိ ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေမှာ ခိုင်းစေ လူကုန်ကူးခံရတဲ့ နိုင်ငံခြားသား  ၂၆၁ ယောက်ကို ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)က ထိုင်းအာဏာပိုင်တွေဆီ ပြန်လွှဲပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013