DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားများ ဆန္ဒပြတောင်းဆိုခွင့်မရှိဟု အလုပ်သမားဝန်ကြီးပြော
DVB
·
February 14, 2025
ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားများ ဆန္ဒပြတောင်းဆိုခွင့်မရှိဟု အလုပ်သမားဝန်ကြီးပြော
Donate to DVB

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ မိမိလိုလားချက်ကို တောင်းဆိုခွင့်ရှိပေမဲ့ လူစုလူဝေးနဲ့ ချီတက်ဆန္ဒပြတောင်းဆိုခွင့် မရှိဘူးလို့ ထိုင်းအလုပ်သမားဝန်ကြီး နိုင်းဖိဖတ် ရာ့ချ်ကစ်ပရကန်က ပြောကြောင်း ထိုင်းသတင်းမှာ ဖေဖော်ဝါရီ ၁၃ ရက်က ဖော်ပြပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ နေ့တွက်လုပ်အားခ တနေ့ ဘတ် ၃၅၀ ရတာ ခုခေတ် ကုန်ဈေးနှုန်းနဲ့ နေ့စဉ်ဘဝမှာ မလောက်ငကြောင်း၊ ဒါကြောင့် နေ့တွက်လုပ်အားခ တနေ့ကို ဘတ် ၆၀၀ မှ ၇၀၀ ထိ တိုးမြှင့်ပေးဖို့ တောင်းဆိုတယ်လို့ ကြားတယ်၊ အသေးစိပ်ကိုတော့ မသိရဘူး။ ဒါပေမဲ့ ထိုင်းနိုင်ငံမှာ အနိမ့်ဆုံးလုပ်အားခ တိုးမြှင့်ပေးဖို့ရာမှာ အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမားကိုယ်စားလှယ်တွေပါတဲ့ သုံးပွင့်ဆိုင်ဘုတ်အဖွဲ့က ညှိနှိုင်းသုံးသပ် ဆုံးဖြတ်ရတယ်။ တဖက်ကို ကိုယ်စားလှယ် ၅ ယောက်စီနဲ့ အဖွဲ့ဝင် ၁၅ ယောက်ရှိပြီး အဲဒီထဲက ဆန္ဒမဲ ၃ ပုံ ၂ ပုံရဲ့ သဘောတူညီချက်နဲ့ ဆုံးဖြတ်ရတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ဒီ ၂၀၂၅ နှစ်ဆန်းက အနိမ့်ဆုံးနေ့တွက်လုပ်အားခ ပျမ်းမျှ ဘတ် ၄၀၀ ထိ တိုးပေးခဲ့ပြီးဖြစ်တယ်၊ ဒေသအခြေအနေ၊ အလုပ်အကိုင်အမျိုးအစားနဲ့ တည်နေရာပေါ်မူတည်ပြီး လုပ်အားခ ကွဲပြားတာတွေရှိမယ်၊ လုပ်အားခတိုးပေးရေးမှာ  သုံးပွင့်ဆိုင်ဘုတ်အဖွဲ့ အနေနဲ့ ကြေညာချက် အကောင်အထည်ဖော်ခဲ့တဲ့ ၂ လတာ ကာလအတွင်း သက်ရောက်မှုတွေကို ပြန်ပြီး သုံးသပ်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ မိမိရဲ့ လိုလားချက်တွေကို တောင်းဆိုလို့ရတယ်။ ဒါပေမဲ့ လူစုလူဝေးနဲ့ စီတန်းဆန္ဒပြခွင့်မရှိဘူး။ ထိုင်းနိုင်ငံဟာ ILO ကမ္ဘာ့အလုပ်သမားအဖွဲ့အစည်းက သတ်မှတ်ထားတဲ့ ပုဒ်မ ၈၇ အရ ရွှေ့ပြောင်းအလုပ်သမားတွေဟာ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းနိုင်ခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ဆန္ဒပြခွင့် ရှိတယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ကို သဘောတူ လက်မှတ်ထိုးထားတာ မရှိဘူး။ ဒီအကြောင်းကို လွှတ်တော်ထဲမှာရော၊ ဝန်ကြီးများအဖွဲ့ အစည်းအဝေးတွေမှာပါ ဆွေးနွေးတာ မရှိဘူးလို့ ပြောပါတယ်။

ဒါကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေ မိမိတို့လိုလားချက် အမျိုးမျိုးကို စုဝေးပြီး ဆန္ဒပြ တောင်းဆိုတာဟာ ဥပဒေချိုးဖောက်ခြင်းဖြစ်တယ်၊ ဥပ‌ဒေချိုးဖောက်တဲ့ အလုပ်သမားတွေကို အရေးယူဖို့အတွက် အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ရဲတပ်ဖွဲ့ကို တိုင်ကြားလို့ရတယ်၊ ဆန္ဒပြချင်ရင် မိမိနိုင်ငံမှာ ပြန်ပြီး ဆန္ဒပြကြပါလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ လူအုပ်စု ဥပဒေဟာ နိုင်ငံတော်ရဲ့ ဥပဒေအထက်မှာ မရှိစေရဘူး၊ ဒါကြောင့်  ထိုင်းအစိုးရကို ဖိအားပေးဖို့ မစဉ်းစားပါနဲ့၊ မိမိနိုင်ငံရဲ့ အခွင့်အရေးနဲ့ အာဏာကို ထိပါးလာတာမျိုး လုံးဝလက်မခံဘူးလို့ ထိုင်းအလုပ်သမားဝန်ကြီးက ပြောသွားပါတယ်။ 

Source : Thainews.prd

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013