DVB Logo
Home
နိုင်ငံတကာ
ဂျာမနီတွင် လူအုပ်အတွင်း ကားဖြင့်ဝင်တိုက်မှုကြောင့် ၂၀ ထက်မနည်း ဒဏ်ရာရ
DVB
·
February 14, 2025
ဂျာမနီတွင် လူအုပ်အတွင်း ကားဖြင့်ဝင်တိုက်မှုကြောင့် ၂၀ ထက်မနည်း ဒဏ်ရာရ
Donate to DVB

ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ ဖေဖော်ဝါရီ ၁၃ ရက်က လူအုပ်အတွင်း ကားနဲ့ဝင်တိုက်မှုကြောင့် လူ ၂၀ ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဂျာမနီနိုင်ငံတောင်ပိုင်းမှာ မြူးနစ်လုံခြုံရေးဆွေးနွေးပွဲကို တက်ရောက်ဖို့ အမေရိကန်ဒုသမ္မတ ဒီဂျေဗန့်၊ ယူကရိန်းသမ္မတ ဇလန်းစကီးတို့ ရောက်ရှိနေချိန် လုံခြုံရေးတင်းကျပ်ထားချိန် အခုလို ဖြစ်ပွားခဲ့တာပါ။

ဒီအဖြစ်အပျက်ဟာ လာမယ့် ၁၀ ရက်အတွင်း လွှတ်တော်ရွေးကောက်ပွဲ မတိုင်မီ ဖြစ်ခဲ့တာမို့ လွှတ်တော်ရွေးကောက်ပွဲကို သက်ရောက်မှု ရှိနိုင်ပါတယ်။

ကားနဲ့ဝင်တိုက်ခဲ့သူဟာ အသက် ၂၄ နှစ်အရွယ် ဖာဟတ် ဆိုသူဖြစ်ပြီး အာဖဂန်နစ္စတန်ကနေ ၂၀၁၆ ခုနှစ်က ဂျာမနီကို ရောက်လာတဲ့ ဒုက္ခသည်တယောက်ဖြစ်ကာ နိုင်ငံသားခိုလှုံခွင့်ရဖို့ ရည်ရွယ်ထားသူ ဖြစ်ပါတယ်။

ဖာဟတ်ဟာ နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံထားရသူဖြစ်ပေမဲ့ ဂျာမနီနိုင်ငံမှာ ယာယီနေထိုင်ခွင့် ပြုထားသူ ဖြစ်ပါတယ်။

ဂျာမနီနိုင်ငံမှာ အဓိပတိ အိုလာ့ဖ်ရှို့လ်ဇ်ရဲ့ ညွန့်ပေါင်းအစိုးရ ကျဆုံးပြီးနောက် ရွေးကောက်ပွဲပြုလုပ်မှာဖြစ်ပြီး ဒီရွေးကောက်ပွဲမှာ ရွှေ့ပြောင်းတွေရဲ့ အရေးနဲ့ပတ်သက်ပြီး အဓိက ဆွေးနွေးဖွယ်ရှိပါတယ်။

ပြီးခဲ့တဲ့နှစ်တွေက ရွှေ့ပြောင်းအခြေချသူတွေနဲ့ ပတ်သက်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် ဂျာမနီနိုင်ငံမှာ လက်ယာစွန်း AfD ပါတီကို ထောက်ခံသူတွေ တိုးလာပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကလည်း ခရစ္စမတ်ဈေးမှာ လူအုပ်ထဲကို ကားနဲ့ဝင်တိုက်မိလို့ လူ ၆ ယောက် သေဆုံးပြီး ၂၉၉ ယောက် ဒဏ်ရာရခဲ့ပါတယ်။

အဲဒီတုန်းက အသက် ၅၀ အရွယ် ဆာအူဒီဆိုသူဟာ နိုင်ငံသားခိုလှုံခွင့် တောင်းခံထားသူ ဖြစ်ပါတယ်။

ဒါ့အပြင် ဇန်နဝါရီလကလည်း အက်ချက်ဖန်ဘတ်မှာရှိတဲ့ ဘာဗာရီယန်မြို့မှာ အသက် ၂၈ နှစ်အရွယ် အာဖဂန်ရွှေ့ပြောင်းတယောက်က ဓားထိုးမှုတခု ဖြစ်ခဲ့ပါသေးတယ်။

ဒီလိုအဖြစ်အပျက်တွေကြောင့် အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေနဲ့ ပတ်သက်ပြီး AfD ပါတီ ခေါင်းဆောင်တွေက ပြစ်တင်ထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013