DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် တော်လှန်သတင်းစကား လှုပ်ရှားမှုပြုလုပ်
DVB
·
February 14, 2025
ရန်ကုန်တွင် တော်လှန်သတင်းစကား လှုပ်ရှားမှုပြုလုပ်
Donate to DVB

ရန်ကုန်မြို့က လူစည်ကားရာနေရာနဲ့ ဈေးတခုမှာ ဖေဖော်ဝါရီ ၁၃ ရက်က ဦးအောင်ဆန်း မွေးနေ့လှုပ်ရှားမှုနဲ့ တော်လှန်သတင်းစကား လှုပ်ရှားမှုတွေကို ရန်ကုန်တော်လှန်ရေးအင်အားစုတွေနဲ့ ကျောင်းသားတွေက ပူးပေါင်းပြုလုပ်ခဲ့ကြပါတယ်။

ဗိုလ်ချူပ်အောင်ဆန်းမွေးနေ့နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီတို့ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးဂျင်မီတို့ ဟောပြောခဲ့တဲ့ မိန့်ခွန်းတွေ၊ ပြောဆိုချက်တွေကို ဦးအောင်ဆန်းရုပ်ပုံပါ ငွေစက္ကူ ၁၀၀၀ တန်တွေပေါ်မှာ ရေးသားဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ရဲ့ သတင်းပြန်ကြားတာဝန်ရှိသူက “ဗိုလ်ချုပ်ပုံ ပိုက်ဆံပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်း၊ အထင်တရှားဖြစ်ခဲ့တဲ့ စကားများကို ပြန်ရေးပြီး ဗိုလ်ချုပ်ရဲ့စေတနာ၊ ဗိုလ်ချုပ်ရဲ့ တိုင်းပြည်အပေါ်ထားတဲ့ ရည်ရွယ်ချက်ကို ပြည်သူတွေ ပြန်အမှတ်တရ ဖြစ်စေလိုသော ရည်ရွယ်ချက်သာ ဖြစ်ပါတယ်။ ဗိုလ်ချုပ် ဖြစ်စေချင်ခဲ့တဲ့ စစ်တပ်နဲ့ လက်ရှိအာဏာရူး စစ်တပ်ရဲ့ အခြေအနေကို ဖော်ပြလိုခြင်းဖြစ်ပါတယ်” လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်မှာပဲ ကျရောက်တဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၁၀ နှစ်ပြည့် မွေးနေ့မှာ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က ပဲပြုတ်၊ နံပြား တွေကို လှူဒါန်းခဲ့ပါသေးတယ်။

အဆိုပါနေ့ မနက်ပိုင်း ၇ နာရီလောက်မှာတော့ ရန်ကုန်၊ မြောက်ဥက္ကလာ ဈ ဈေးအနီးမှာ နံပြားမျှဝေသူတွေကို အရပ်ဝတ်နဲ့ စည်ပင်ဘောင်းဘီဝတ်တွေက မောင်းထုတ်တားဆီးခဲ့တာနဲ့ ပတ်သက်လို့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က ဒီလိုတားဆီးတာတွေဟာ စစ်ကောင်စီက သူတို့ရဲ့ အကြောက်တရားက တဖြည်းဖြည်း ကြီးမားလာတာကြောင့် ပြည်သူတွေအနေနဲ့ ကြောက်ရွံ့ခြင်းကင်းစွာ တော်လှန်မြဲတော်လှန်ဖို့ကို တိုက်တွန်းထားပါတယ်။

ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့မှာ LinnYaungNi YouthOrganization_LYNYO၊ owl community၊ Kyimyindaing Networks_KMD18 နဲ့ Mayangone DemocraticFront_MDF တို့ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013