DVB Logo
Home
မြန်မာသတင်း
ကျားဖြန့်မှလွတ်လာသူ နိုင်ငံခြားသားအများစုက မြဝတီကို မိမိဆန္ဒအလျောက်သွားခြင်းဖြစ်ဟု ထိုင်းရဲပြော
DVB
·
February 14, 2025
ကျားဖြန့်မှလွတ်လာသူ နိုင်ငံခြားသားအများစုက မြဝတီကို မိမိဆန္ဒအလျောက်သွားခြင်းဖြစ်ဟု ထိုင်းရဲပြော
Donate to DVB

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ကို မိမိတို့ သဘောဆန္ဒအလျောက် သွားခဲ့တာလို့ ဖြေဆိုတဲ့ နိုင်ငံခြားသားတွေက ၉၉ ရာခိုင်နှုန်း ရှိနေပြီး ကျန်တဲ့ ၁ ရာခိုင်နှုန်းကသာ လိမ်လည်လှည့်ဖျား ခံခဲ့ရတာလို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ အဆိုကို ကိုးကားပြီး The Nation ထိုင်းသတင်းမှာ ဖေဖော်ဝါရီ ၁၃ ရက်က ဖော်ပြပါတယ်။

ခုရက်ပိုင်းအတွင်း မကြာသေးခင်က နေရပ်ပြန်ပို့ခံခဲ့ရသူတွေထဲ သံသယရှိ ကျားဖြန့် ငွေလိမ်ရာဇဝတ်ဂိုဏ်းတွေကလည်း ပါဝင်ခဲ့ကာ သက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေအနေနဲ့ အမှုတခုစီတိုင်းအတွက် တရားခံ ကျားဖြန့်ရာဇဝတ်ဂိုဏ်းဝင်လား၊ လိမ်လည်လှည့်ဖျားခံရတဲ့ သားကောင်လားဆိုတာ ရာဇ၀တ်မှုတွေနဲ့ ခွဲခြားနိုင်ဖို့ သီးခြားအကဲဖြတ်သွားမယ်လို့ ဆိုပါတယ်။

ထိုင်းရဲတပ်ဖွဲ့ ရဲမှူးချုပ် ဗိုလ်မှူးကြီး ထက်ချိုင်း ဖိထားနီလာဘူထာ့က မြဝတီနယ်စပ်မှာ အလုပ်လုပ်ကိုင်ဖို့ လှည့်ဖျားခံရတဲ့ နိုင်ငံခြားသား ၁ ရာခိုင်နှုန်းသာ ရှိတယ်လို့ ပြောလိုက်ပြီး နိုင်ငံခြားသား အများစုကတော့ မြန်မာနယ်စပ်မြို့က ကောလ်စင်တာ ငွေလိမ်ဂိုဏ်းတွေ၊ ဒါမှမဟုတ် ဖျော်ဖြေရေး အဆောက်အအုံတွေ၊ စားသောက်ဆိုင်၊ ဟိုတယ်တွေနဲ့ ကာစီနိုရုံတွေမှာ အလုပ်အကိုင် ရှာဖွေဖို့ လာရောက်ခဲ့ကြတာဖြစ်တယ်လို့ ပြောပါတယ်။

ထိုင်းထိပ်တန်းဖျော်ဖြေရေးကုမ္ပဏီတခုနဲ့ အလုပ်လုပ်ရမယ်ဆိုတဲ့ ကတိကဝတ်နဲ့ တရုတ် ဆယ်လီသရုပ်ဆောင်တယောက် နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီးနောက်မှာ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတခုမှာ အတင်းအဓမ္မခိုင်းစေခံခဲ့ရတဲ့ ကိစ္စကို ဥပမာတခုအနေနဲ့ သက်ချိုင်းက ကိုးကားဖော်ပြခဲ့တာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ မြန်မာအာဏာပိုင်တွေက နယ်စပ် တာ့ခ်ခရိုင်ကတဆင့် နိုင်ငံခြားသား ၂၆၀ ကို ထိုင်းနိုင်ငံဘက် ပြန်လည်ပို့ဆောင်ပြီးနောက်မှာ သူ့ရဲ့မှတ်ချက်တွေ ခုလို ထွက်ပေါ်လာခဲ့တာပါ။

ဒါ့အပြင် ဗိုလ်မှူးကြီး ထက်ချိုင်းက ဖိလစ်ပိုင်အစိုးရက ‘မြန်မာနယ်စပ်မှာ ပိတ်မိနေသူတွေကို ကယ်တင်ပေးဖို့’ ထိုင်းရဲတပ်ဖွဲ့ဆီ အကြောင်းကြား အကူအညီတောင်းခံခဲ့သလို အားလုံးက သားကောင်တွေမဟုတ်ဘဲ အနည်းဆုံး ဖိလစ်ပိုင်နိုင်ငံသားတယောက်ဟာ ကျားဖြန့် ရာဇဝတ်ဂိုဏ်းဝင် ဖြစ်နိုင်တယ်လို့ ရှင်းပြပါတယ်။

ဒါကြောင့်မို့ ထိုင်းရဲတပ်ဖွဲ့အနေနဲ့ ကျူးလွန်ခံရသူ သားကောင်တွေနဲ့ ကျားဖြန့် ရာဇဝတ်ဂိုဏ်းဝင်တွေကြား ခွဲခြားနိုင်ဖို့ အမျိုးသား လွှဲပြောင်းရေးယန္တရားကို အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

အဆိုပါ ယန္တရားအရ ကျူးလွန်ခံရသူအဖြစ် အတည်ပြုခံရသူတွေကို သူတို့ရဲ့ သက်ဆိုင်ရာ သံရုံးတွေနဲ့ ပူးပေါင်းပြီးတော့ နေရပ်ပြန်ပို့မှာဖြစ်ပြီး ရာဇဝတ်ဂိုဏ်းဝင်တွေကိုတော့ ဥပဒေအရ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

Source: The Nation

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013