DVB Logo
Home
မြန်မာသတင်း
လူငယ်ခေါင်းဆောင်များမွေးထုတ်ရန် ဖယ်ခုံတွင် ငိန်းကယန်းထန် အကယ်ဒမီကျောင်းဖွင့်လှစ် 
DVB
·
February 14, 2025
လူငယ်ခေါင်းဆောင်များမွေးထုတ်ရန် ဖယ်ခုံတွင် ငိန်းကယန်းထန် အကယ်ဒမီကျောင်းဖွင့်လှစ် 
Donate to DVB

ကယန်းဒေသ၊ ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းကျေးရွာတရွာမှာ ငိန်းကယန်းထန် အကယ်ဒမီ ကျောင်းဖွင့်လှစ်ပွဲနဲ့ ကယန်းမျိုးဆက်သစ်လူငယ် KNGY ၂၃ နှစ်ပြည့် အခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက်က ကျင်းပခဲ့ပါတယ်။

အကယ်ဒမီကျောင်းက ကျောင်းသူ ကျောင်းသား ၂၁ ယောက်ကို ဆရာ ဆရာမ ၄ ယောက်တို့က အဓိက သင်ကြားပေးနေကာ အခြေခံဘာသာရပ်၊ အထွေထွေဘာသာရပ်၊ အဓိကဘာသာရပ်ဆိုပြီး ဘာသာရပ် ၃ မျိုးခွဲ သင်ကြားပေးမယ့်အပြင် ပြင်ပက ကျွမ်းကျင်ပညာရှင်ကိုလည်း ငှားရမ်းပြီး သင်ကြားပို့ချပေးဖို့ရှိတယ်လို့ သိရပါတယ်။

ဖွင့်ပွဲမှာ ငိန်းကယန်းထန် အကယ်ဒမီကျောင်း မိတ်ဆက်တာ၊ ကယန်းအမျိုးသားအလံ အလေးပြုတာ၊ သက်ဆိုင်ရာအကြီးအကဲတွေ အားပေးစကားပြောတာတို့အပြင် ကယန်းမျိုးဆက်သစ်လူငယ် KNGY တည်ထောင်ခြင်း ၂၃ နှစ်ပြည့် မွေးနေ့ကိတ်ခွဲတာတို့ ပါဝင်ပါတယ်။

ကျောင်းတာဝန်ခံ ခွန်းကေဗြယ်သွမ်းက “အဓိကရည်ရွယ်ချက်က နိုင်ငံရေးစွမ်းရည်မြင့်မားတဲ့ လူငယ်ခေါင်းဆောင်တွေ မွေးထုတ်ချင်တယ်။ အမျိုးသားရေးလုပ်ငန်းစဥ်တွေမှာ ဦးစီးဦးဆောင် ပြုနိုင်တဲ့ လူငယ်တွေ မွေးထုတ်ချင်တာရယ်၊ ပြီးတော့ ကျနော်တို့ ကယန်းမျိုးဆက်သစ်လူငယ်ရဲ့ လုပ်ငန်းအခန်းကဏ္ဍနဲ့ ကယန်းအသင်းအဖွဲ့အသီးသီးတွေမှာ ပြန်လည်ဦးဆောင်တဲ့ လူငယ်ခေါင်းဆောင်ကို မွေးထုတ်ချင်လို့ ကျနော်တို့ ဒီကျောင်းကို ဖွင့်လှစ်ရခြင်းဖြစ်တယ်” လို့ ပြောပါတယ်။

အခြေခံဘာသာရပ်မှာ ကွန်ပျူတာနဲ့ အင်္ဂလိပ်စာ သင်ကြားတာ၊ အထွေထွေဘာသာရပ်မှာ ခေါင်းဆောင်မှုစွမ်းရည်၊ စကားပြောစွမ်းရည်၊ အချိန်စီမံခန့်ခွဲမှု၊ သုတေသနပြုမှု၊ နိုင်ငံရေး၊ ပြောဆိုဆက်ဆံမှုစွမ်းရည်နဲ့ အထွေထွေဗဟုသုတများ သင်ကြားတာ၊ အဓိကဘာသာရပ်မှာ ဒီမိုကရေစီ၊ ဖက်ဒရယ်စနစ်၊ အုပ်ချုပ်မှုစနစ်၊ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ငြိမ်းချမ်းရေး၊ အမြစ်တွယ်နေသော ပဋိပက္ခ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တခြားဘာသာရပ်တွေကို သင်ကြားပေးမယ်လို့ ဆိုပါတယ်။

စာသင်နှစ်တနှစ်အတွင်း ၉ လကို ကျောင်းမှာ စာတွေ့သင်ကြားပေးပြီး ၃ လကို ကျောင်းသားတွေက လက်တွေ့ကွင်းဆင်း လေ့လာရမယ်လို့ သိရပါတယ်။

ငိန်းကယန်းထန် အကယ်ဒမီကျောင်းဖွင့်ပွဲနဲ့ KNGY ၂၃ နှစ်ပြည့် အခမ်းအနားမှာ ကယန်းပြည်သစ်ပါတီ အကြီးအကဲတွေ၊ ကယန်းဒေသရှိ အဖွဲ့အစည်းကိုယ်စားလှယ်တွေ၊ ကျောင်းသားမိဘ​တွေ၊ KNGY ရဲ့ ခေါင်းဆောင်တွေ၊ ဝန်ထမ်းတွေနဲ့ ကျောင်းသူ ကျောင်းသားတွေ တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013