DVB Logo
Home
အားကစား
ကမ္ဘာ့ဝင်ငွေအများဆုံး ကစားသမား ၁၀၀ စာရင်းတွင် အမျိုးသမီး မပါဝင်
DVB
·
February 14, 2025
ကမ္ဘာ့ဝင်ငွေအများဆုံး ကစားသမား ၁၀၀ စာရင်းတွင် အမျိုးသမီး မပါဝင်
Donate to DVB

စပေါ်တီကိုက ထုတ်ပြန်တဲ့ ကမ္ဘာ့ဝင်ငွေအများဆုံး အားကစားသမား ၁၀၀ စာရင်းမှာ အမျိုးသမီးတယောက်မှ မပါဝင်ကြောင်း တွေ့ရပါတယ်။

အမျိုးသမီးအားကစားမယ်တွေအနက် အမေရိကန်တင်းနစ်မယ် ကိုကိုက ၂၀၂၄ ခုနှစ်မှာ ဝင်ငွေ ၃၀ ဒသမ ၄ သန်း ရှိခဲ့ပြီး ဝင်ငွေအများဆုံး အမျိုးသမီးအားကစားမယ် ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ကမ္ဘာ့ဝင်ငွေအများဆုံး ကစားသမား ၁၀၀ စာရင်းနဲ့ ယှဉ်ရင် ၃၇ ဒသမ ၅ သန်းကနေ စတင်တာဖြစ်လို့ ၇ သန်းကျော်လောက် ပိုများနေပါတယ်။

စပေါ်တီကိုရဲ့ ကမ္ဘာ့ဝင်ငွေအများဆုံး ကစားသမား ၁၀၀ စာရင်းမှာ ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုက ဒေါ်လာ သန်း ၂၆၀ နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

ရော်နယ်ဒိုဟာ အယ်နာဆာအသင်းမှာ ဒေါ်လာ ၂၁၅ သန်း ရရှိပြီး ကွင်းပြင်ပဝင်ငွေ ဒေါ်လာ ၄၅ သန်း ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒုတိယ ဝင်ငွေအများဆုံးကတော့ ဘတ်စကတ်ဘောကစားသမား စတီပင်ကာရီဖြစ်ပြီး ဒေါ်လာ ၁၅၃ သန်း ရှိပါတယ်။

လက်ဝှေ့သမား တိုင်ဆန်ဖြူရီက ဒေါ်လာ ၁၄၇ သန်း၊ မက်ဆီက ဒေါ်လာ ၁၃၅ သန်းနဲ့ ဘတ်စကတ်ဘောကစားသမား လက်ဘရွန်ဂျိမ်းက ၁၃၃ သန်းနဲ့ ထိပ်ဆုံး ၅ ယောက် နေရာမှာ ရပ်တည်နေပါတယ်။

ဝင်ငွေအကောင်းဆုံး ၁၀၀ စာရင်းမှာ လက်ဝှေ့သမား အိုလစ်ဆန်ဒါအူဆစ်၊ နေမာ၊ ဘန်ဇီမာ၊ အမ်ဘတ်ပေ၊ ဂေါက်သီးရိုက်သမား ဂျွန်ရမ်နဲ့ ရှက်ဖလာ၊ ဒဲလစ်ကောင်းဘွိုင်အသင်းက ပရီစကော့တို့ ပါဝင်ပါတယ်။

ဝင်ငွေအများဆုံး နံပါတ် ၁၀၀ မှာတော့ NFL ကွာတားဘတ်ဒါနီရယ်ဂျုံး ဖြစ်ပြီး ဒေါ်လာ ၃၇ ဒသမ ၅ သန်း ရရှိထားတာ ဖြစ်ပါတယ်။

အားကစားသမား ၁၀၀ ရဲ့  စုစုပေါင်းဝင်ငွေက ဒေါ်လာ ၆ ဒသမ ၂ ဘီလီယံ ရှိပြီး ပြီးခဲ့တဲ့ နှစ်ကထက် ၁၄ ရာခိုင်နှုန်း ပိုများလာပါတယ်။

ကမ္ဘာ့ဝင်ငွေအများဆုံး အားကစားသမား ၁၀၀ စာရင်းမှာ ဘတ်စကတ်ဘော ကစားသမား ၃၆ ယောက်အထိ ပါဝင်ပြီး ဘောလုံးသမား ၁၂ ယောက် ပါဝင်တာ တွေ့ရပါတယ်။

စပေါ်တီကိုဟာ ဒီစာရင်းပြုစုဖို့ နိုင်ငံပေါင်း ၂၇ နိုင်ငံက ကစားနည်း ၈ မျိုးရဲ့ ဝင်ငွေအကောင်းဆုံး ကစားသမားတွေရဲ့ အချက်အလက်တွေကို စုဆောင်းခဲ့ရပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013