DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းကို NATO ဆက်ထောက်ပံ့မည်၊ အမေရိကန်နှင့် ဗြိတိန်ကာကွယ်ရေးဝန်ကြီးတို့ NATO ဌာနချုပ်၌ တွေ့ဆုံ
DVB
·
February 13, 2025
ယူကရိန်းကို NATO ဆက်ထောက်ပံ့မည်၊ အမေရိကန်နှင့် ဗြိတိန်ကာကွယ်ရေးဝန်ကြီးတို့ NATO ဌာနချုပ်၌ တွေ့ဆုံ
Donate to DVB

ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီလီက အမေရိကန်နိုင်ငံ အပါအဝင် မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ရဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ ယူကရိန်းကို ကာကွယ်ရေး အထောက်အပံ့ မြှင့်တင်ဖို့ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ကတိကဝတ်ပြုထားတယ်လို့ ဖေဖော်ဝါရီ ၁၂ ရက်မှာ ပြောလိုက်ပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တော်မှာကျင်းပတဲ့ ယူကရိန်းကာကွယ်ရေးအတွက် အဆက်အသွယ်အဖွဲ့ အစည်းအဝေးအပြီးမှာ ခုလိုပြောလိုက်တာပါ။ 

ယူကရိန်းနိုင်ငံအတွက် မနှစ်က ထောက်ပံ့ကူညီမှု အများစုဟာ ဥရောပနိုင်ငံတွေဆီက လာတာပါလို့ သတင်းစာရှင်းလင်းပွဲမှာ ဟီလီက ပြောခဲ့ပါတယ်။

“ယူကရိန်းကာကွယ်ရေးအဆက်အသွယ်အဖွဲ့ (UDCG) မှာ ဒီနေ့ ကျနော်တို့ တွေ့လိုက်ရတာက ကမ္ဘာတဝန်းက မဟာမိတ်နိုင်ငံပေါင်း ၅၀ နီးပါးဟာ ယူကရိန်းလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ဖို့၊ သူတို့နိုင်ငံတွေရဲ့ အနာဂတ်အတွက် တိုက်ပွဲဝင်ဖို့၊ ကျနော်တို့ရဲ့ လုံခြုံရေးအတွက် ပိုကျယ်ပြန့်တဲ့ အနာဂတ်အတွက် ကျနော်တို့ပေးတဲ့ ပံ့ပိုးကူညီမှုတွေကို ဆက်မြှင့်တင်ဖို့ ပြတ်ပြတ်သားသား ကတိပြုခဲ့ကြတယ်” လို့ ဟီလီက ဆက်ပြောပါတယ်။

NATO မဟာမိတ်တွေဟာ ၂၀၂၄ ခုနှစ်မှာ ယူကရိန်းအတွက် စစ်ရေးအကူအညီ ယူရို ၄၀ ဘီလီယံ ကတိပြုခဲ့ပြီး ၅၀ ဘီလီယံကို ဆက်ပေးခဲ့တယ်၊ မနှစ်က ယူကရိန်းအတွက် ထောက်ပံ့ကူညီမှု ၆၀ ရာခိုင်နှုန်း နီးပါးဟာ ဥရောပနိုင်ငံတွေက အများစုပါ။ ကာကွယ်ရေးအသုံးစရိတ်ကို ပိုလုပ်ခဲ့ပြီး ဒီထက်ပိုလုပ်မယ်လို့လည်း ဟီလီက ပြောပါတယ်။

ယူကရိန်းလုံခြုံရေးက ကမ္ဘာ့လုံခြုံရေးအတွက် အရေးကြီးတဲ့အတွက် UDCG ဟာ ဥရောပကနေ အင်ဒို-ပစိဖိတ်ဒေသအထိ၊ တောင်အမေရိကနဲ့ အရှေ့အလယ်ပိုင်းအထိ ဖြန့်ကြက်ထားတဲ့ နိုင်ငံတကာညွန့်ပေါင်းအဖွဲ့လည်း ဖြစ်ပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဇက်သ်ဟာ ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီလီနဲ့  မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ရဲ့ ဌာနချုပ်မှာ ဖေဖော်ဝါရီ ၁၂ ရက်က တွေ့ဆုံခဲ့ပါတယ်။

ယူကရိန်း ကာကွယ်ရေးဆိုင်ရာ ဆက်သွယ်မှုအဖွဲ့ ဥက္ကဋ္ဌအဖြစ် အမေရိကန်ရဲ့ အခန်းကဏ္ဍကို ဗြိတိန်က လွှဲယူအပြီး NATO ဌာနချုပ်မှာ ဗုဒ္ဓဟူးနေ့နှောင်းပိုင်း ကျင်းပမယ့် အစည်းအဝေးအတွက် NATO ကာကွယ်ရေးဝန်ကြီးတွေ စုရုံး ရောက်ရှိနေတာပါ။

၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို ရုရှားက အကျယ်တဝင့် ကျူးကျော်လာပြီးတဲ့နောက် အဖွဲ့ဝင်နိုင်ငံ ၅၀ ပါတဲ့ ဒီအဖွဲ့ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ဒီသီတင်းပတ်အတွင်း ဥရောပမှာ ဆက်တိုက်ကျင်းပမယ့် အစည်းအဝေးတွေအတွင်း သမ္မတထရမ့်ပ်ရဲ့ ယူကရိန်းနဲ့ ရုရှားဆိုင်ရာ အထူးသံတမန်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုနဲ့ ဟက်ဇက်သ် တို့နဲ့ တွေ့ဆုံရာမှာ ဥရောပနဲ့ NATO မဟာမိတ်တွေက ယူကရိန်းကို ထောက်ပံ့ရာမှာ ပိုကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကြဖို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ခီး ခဲလော့ထ်က တိုက်တွန်းမယ်လို့ ကာကွယ်ရေးအရာရှိတွေနဲ့ ရင်းနှီးသူတွေက CNN ကို ပြောခဲ့ပါတယ်။

ကြာသပတေးနေ့မှာကျင်းပမယ့် NATO ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ ဟက်ဇက်သ်က အဖွဲ့ဝင်တွေကို ကာကွယ်ရေးအသုံးစရိတ်ကို သက်ဆိုင်ရာနိုင်ငံရဲ့ GDP ရဲ့ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ဖို့၊ လက်နက်နဲ့ ပစ္စည်းကိရိယာတွေ ပိုမြန်မြန် ထုတ်လုပ်နိုင်စေရေးအတွက် ကာကွယ်ရေးဆိုင်ရာ စက်မှုအခြေစိုက်စခန်းကို မြှင့်တင်ဖို့ မျှော်လင့်ထားတယ်လို့ ကာကွယ်ရေးအရာရှိတွေက ပြောခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013