DVB Logo
Home
မြန်မာသတင်း
တရားမဝင်နိုင်ငံခြားသားများကို နေရပ်ပြန်ပို့ရန် ဩစတြေးလျအမတ် တောင်းဆို
DVB
·
February 13, 2025
တရားမဝင်နိုင်ငံခြားသားများကို နေရပ်ပြန်ပို့ရန် ဩစတြေးလျအမတ် တောင်းဆို
Donate to DVB

သြစတြေးလျနိုင်ငံ ကွင်းစလန်ပြည်နယ်ရဲ့ အထက်လွှတ်တော်အမတ်ဖြစ်တဲ့ ပေါ်လင်းဟန်ဆန် က တရားမဝင် နိုင်ငံခြားသားတွေကို သက်ဆိုင်ရာနိုင်ငံတွေကို ပြန်ပို့ဖို့နဲ့ လူဝင်ကြီးကြပ်ရေးဥပဒေတွေ တင်းကျပ်ဖို့ တောင်းဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်က အခုလို တောင်းဆိုလိုက်တာ ဖြစ်ပြီး ဟန်ဆန်ရဲ့ တောင်းဆိုချက်တွေမှာ ဩစတြေးလျနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးစနစ် ပျက်စီးနေပြီး လူဦးရေ တိုးလာတာတွေကြောင့် အိမ်ရာ၊ အခြေခံအဆောက်အအုံနဲ့ ဝန်ဆောင်မှုတွေအပေါ် ဖိအားတွေ တိုးလာနေတယ်လို့ ဝေဖန်ထားပါတယ်။

ဟန်ဆန်ရဲ့ တောင်းဆိုချက်တွေထဲမှာ တရားမဝင်နိုင်ငံခြားသား ၇၅,၀၀၀ ကို နေရပ်ပြန်ပို့ဖို့၊ နှစ်စဉ် ဗီဇာထုတ်ပေးမှုကို ၁၃၀၀၀၀ အထိ ကန့်သတ်ဖို့၊ ဈေးနှုန်းသက်သာတဲ့ နိုင်ငံခြားအလုပ်သမားတွေကို ဦးစားပေးတဲ့ ကျွမ်းကျင်ဗီဇာတွေကို ရပ်တန့်ဖို့၊  ပညာတော်သင်ဗီဇာတွေကို ကန့်သတ်ပြီး မိသားစုဝင်တွေ ခေါ်ဆောင်တာတားမြစ်ဖို့ပါဝင်ပါတယ်။

ဒါ့အပြင် ပြည်နှင်ဒဏ်ပေးရာမှာ နှောင့်နှေးမှုတွေကို ဖြေရှင်းဖို့၊ ယာယီလုံခြုံရေး ဗီဇာတွေကို ပြန်လည်မိတ်ဆက်ပြီး ထိရောက်တဲ့ မူဝါဒတွေကို ပြန်လည်ကျင့်သုံးဖို့၊  ဥပဒေချိုးဖောက်သူတွေကို ပြည်နှင်ဒဏ်ပေးဖို့၊ နိုင်ငံသားဖြစ်ခွင့်အတွက် စောင့်ဆိုင်းကာလကို ၈ နှစ်အထိ တိုးမြှင့်ဖို့၊ အစွန်းရောက်အယူဝါဒတွေကို ကျင့်သုံးတဲ့ နိုင်ငံတွေဆီက ရွှေ့ပြောင်းဝင်ရောက်မှုတွေကို ငြင်းပယ်ဖို့နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းရဲ့ အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်ဖို့တို့လည်း တိုက်တွန်းထားပါတယ်။

ဟန်ဆန်က သြစတြေးလျနိုင်ငံရဲ့ နယ်စပ်တွေကို ထိန်းချုပ်ဖို့၊ အလုပ်အကိုင်တွေကို ကာကွယ်ဖို့နဲ့ နိုင်ငံသားတွေရဲ့ အနာဂတ်ကို ကာကွယ်ဖို့ အချိန်တန်ပြီလို့လည်း ထပ်လောင်းတောင်းဆို ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013