DVB Logo
Home
နိုင်ငံတကာ
မဲခေါင်မြစ်တလျှောက် စွန့်ပစ်ဖုန်းဆင်းကတ် ၂၀၀၀ တွေ့ရှိမှု True ကုမ္ပဏီ ဖြေရှင်း
DVB
·
February 13, 2025
မဲခေါင်မြစ်တလျှောက် စွန့်ပစ်ဖုန်းဆင်းကတ် ၂၀၀၀ တွေ့ရှိမှု True ကုမ္ပဏီ ဖြေရှင်း
Donate to DVB

True ဖုန်းဆင်းမ်ကတ်တွေကို မြန်မာနိုင်ငံအတွက် ဖြန့်ဖြူးရောင်းချဖို့ ထုတ်လုပ်တဲ့ မူဝါဒ မရှိဘူးလို့ တယ်လီကွန်းကုမ္ပဏီဘက်က ကြေညာချက်တစောင်ကို ဖေဖော်ဝါရီ ၁၁ ရက်က ထုတ်ပြန်လိုက်တဲ့အကြောင်း The Nation Thailand သတင်းမှာ ဖော်ပြပါ တယ်။

ဒါဟာ မကြာသေးခင်က ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း မုခ်ဒါဟန်ခရိုင်ထဲက မဲခေါင်မြစ် တလျှောက် စွန့်ပစ်ထားတဲ့ ဖုန်းဆင်းမ်ကတ်တွေထဲမှာ မြန်မာဆင်းမ် “Myanmar SIM (DSP)” လို့ ရေးထိုးထားတဲ့ ဆင်းမ်ကတ် ၂,၀၀၀ တွေ့ရှိတာနဲ့ ပတ်သက်ပြီးတော့ တုံ့ပြန်ခဲ့တာပါ။

တွေ့ရှိရတဲ့ ဆင်းမ်ကတ်တွေထဲမှာတော့ Dtac ဖုန်းဆင်းမ်ကတ်တွေ ပါဝင်နေသလို True ကုမ္ပဏီဘက်ကတော့ သူတို့ရဲ့ ဆင်းမ်ကတ်တွေဟာ ကုမ္ပဏီရဲ့ တင်းကျပ်တဲ့ သုံးစွဲသူ စိစစ်မှု အစီအမံတွေကြောင့်  အသုံးမပြုနိုင်တော့တာကြောင့် စွန့်ပစ်ခဲ့တာ ဖြစ်နိုင်တယ်လို့ ရှင်းချက်ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံ အမျိုးသားအသံလွှင့်နှင့် တယ်လီကွန်း ဆက်သွယ်ရေးကော်မရှင် (NBTC) က ချမှတ်ထားတဲ့ သတ်မှတ်စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ အလွဲသုံးစားလုပ်မှုတွေကနေ ကာကွယ်နိုင်ဖို့ နယ်စပ်ဒေသတွေမှာ ဆင်းမ်ကတ် အသုံးပြုမှုတွေကို ပိတ်ပင်ထားတဲ့ အကြောင်းလည်း ပြောလိုက်ပါတယ်။

မြန်မာဘာသာနဲ့ ဆင်းမ်ကတ်တွေ ထုတ်လုပ်ရောင်းချတာကတော့ ထိုင်းနိုင်ငံတွင်း နေထိုင်ကြတဲ့ မြန်မာနိုင်ငံသား သုံးစွဲသူတွေအတွက် ရည်ရွယ်တဲ့ ဈေးကွက်ရှာဖွေရေး ဗျူဟာ တစိတ်တပိုင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“မြန်မာနိုင်ငံမှာ ဖြန့်ဖြူးဖို့အတွက် ဆင်းမ်ကတ်တွေ ထုတ်လုပ်ဖို့ ကုမ္ပဏီမှာ မူဝါဒမရှိတဲ့ အကြောင်း True ဘက်က အတည်ပြုလိုပါတယ်။”

ဒါ့အပြင် ကုမ္ပဏီအနေနဲ့ ထိုင်းဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို အပြည့်အဝ လိုက်နာကြောင်းနဲ့ စစ်မှန်ပြီး အာမခံချက်ရှိတဲ့ လူမှုအသိုင်းအဝိုင်းကို ထိခိုက်စေမယ့် ကိစ္စရပ်တွေမှာ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ကတိကဝတ် ပြုထားတယ်လို့လည်း ပြောလိုက်ပါတယ်။

လတ်တလောမှာတော့ ထိုင်း-မြန်မာနယ်စပ်တလျှောက် ကြီးထွားလာနေတဲ့ ကျားဖြန့်ငွေလိမ်ရာဇဝတ်ဂိုဏ်းတွေကို တိုက်ဖျက်နှိမ်နင်းရာမှာ ဆက်စပ်တဲ့ အီလက်ထရောနစ် ပစ္စည်းတွေ၊ အင်တာနက်နဲ့ တယ်လီဖုန်းဆင်းမ်ကတ်တွေ အပါအဝင် သံသယဖြစ်ဖွယ် လုပ်ဆောင်မှုတွေကို ထိုင်းအာဏာပိုင်တွေက ကန့်သတ်ထိန်းချုပ်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013