DVB Logo
Home
နိုင်ငံတကာ
AI နည်းပညာအတွက် ပြင်သစ်က အရှိန်အဟုန်နှင့် ပြိုင်ဆိုင်နေပြီဟု သမ္မတ မက်ခရွန် ပြော
DVB
·
February 12, 2025
AI နည်းပညာအတွက် ပြင်သစ်က အရှိန်အဟုန်နှင့် ပြိုင်ဆိုင်နေပြီဟု သမ္မတ မက်ခရွန် ပြော
Donate to DVB

ပြင်သစ်နိုင်ငံဟာ ဉာဏ်ရည်တု (AI) နဲ့ပတ်သက်ပြီး အရှိန်အဟုန်နဲ့ ပြိုင်ဆိုင်နေပြီလို့ ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန်က AI ထိပ်သီးအစည်းအဝေးအပြီး ဖေဖော်ဝါရီ ၁၁ ရက်မှာ ပြောလိုက်ပါတယ်။

ပြင်သစ်နိုင်ငံအတွင်း ယူရိုဘီလီယံ ၁၀၀ ကျော် ရင်းနှီးမြှုပ်နှံထားတယ်လို့လည်း သူက ကြေညာခဲ့ပါတယ်။

ရေရှည်တည်တံ့ခိုင်မြဲတဲ့ AI ကို ချန်ပီယံဖြစ်စေမယ့် သဘောထားကြေညာချက်ကို အမေရိကန်က လက်မှတ်ထိုးဖို့ ဆန္ဒရှိနေတာဟာ မေးခွန်းထုတ်စရာ ဖြစ်နေလို့ ထိပ်သီးအစည်းအဝေး ဒုတိယနေ့နဲ့  မျက်နှာစုံညီအစည်းအဝေးအတွက် ကမ္ဘာ့ခေါင်းဆောင်တွေ အင်္ဂါနေ့က စုဝေးခဲ့ကြပါတယ်။

ပြင်သစ်သမ္မတမက်ခရွန်က AI ပြိုင်ဆိုင်မှုမှာ ပြင်သစ် ပါဝင်ကြောင်း ကြေညာပြီး နာရီပိုင်းအကြာမှာပဲ ဥရောပက တရုတ်၊ အိန္ဒိယနဲ့ အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၁၀၀ နီးပါးက ကိုယ်စားလှယ်တွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ တွေ့ဆုံဖို့ စိတ်အားထက်သန်နေတာပါ။

အပြိုင်အဆိုင်ဖြစ်နေတဲ့ အမျိုးသားအကျိုးစီးပွားအတွက် ပြန်လည်သင့်မြတ်နိုင်မလား ဆိုတာ ဆုံးဖြတ်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်စ်က အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်နေပါတယ်။

မက်ခရွန်ကတော့ ဖေဖော်ဝါရီ ၁၀ ရက် ညမှာ ထူးခြားချက်တခုကို မီးမောင်းထိုးပြခဲ့ပါတယ်။

လျှပ်စစ်နဲ့ ပတ်သက်လာရင် ပြင်သစ်က အမေရိကန်ရဲ့ ရေနံထုတ်လုပ်မှုမူဝါဒလို ရုပ်ကြွင်းလောင်စာတွေကို တူးဖော်ထုတ်လုပ်ရေး ချဉ်းကပ်မှုကို ကျင့်သုံးမှာ မဟုတ်ပေမဲ့ AI ရဲ့ ပြင်းထန်တဲ့ စွမ်းအင်လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ကုမ္ပဏီတွေဟာ သန့်ရှင်းတဲ့ စွမ်းအင်ကို ထုတ်လုပ်သုံးစွဲသွားမယ်လို့ မက်ခရွန်က ပြောပါတယ်။

“ပြင်သစ်နဲ့ ဥရောပမှာ ဆန်းသစ်တီထွင်မှုတွေကို ပိုလိုချင်ပါတယ်” လို့ ထိပ်သီးအစည်းအဝေးအပြီး ပါရီ Station F မှာ ကျင်းပတဲ့ ပွဲစဉ်မှာ နည်းပညာခေါင်းဆောင်တွေကို မက်ခရွန်က ပြောခဲ့ပါတယ်။

“ကျနော်တို့က ဒီဆန်းသစ်တီထွင်မှုကနေ ယုံကြည်ထားတဲ့ လူ့အဖွဲ့အစည်းရဲ့ တန်ဖိုးတွေကို မြှင့်တင်ချင်ပါတယ်” လို့လည်း မက်ခရွန်က ပြောခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013