DVB Logo
Home
နိုင်ငံတကာ
မိုဒီနှင့်  ထရမ့်ပ်တွေ့ဆုံပြီး  ကုန်သွယ်မှု၊ အခွန်၊ ဗီဇာကိစ္စများ ဆွေးနွေးဖွယ်ရှိ
DVB
·
February 12, 2025
မိုဒီနှင့်  ထရမ့်ပ်တွေ့ဆုံပြီး  ကုန်သွယ်မှု၊ အခွန်၊ ဗီဇာကိစ္စများ ဆွေးနွေးဖွယ်ရှိ
Donate to DVB

အိန္ဒိယဝန်ကြီးချုပ် မိုဒီဟာ အမေရိကန်သမ္မတ ထရမ့်ပ်နဲ့ တွေ့ပြီး ကုန်သွယ်မှု၊ အခွန်၊ ဗီဇာကိစ္စတွေကို အဓိက ဆွေးနွေးဖွယ်ရှိပါတယ်။

မိုဒီဟာ နောက်တပတ်မှာ အမေရိကန်ကို သွားရောက်မှာဖြစ်ပြီး အမေရိကန်သမ္မတ ထရမ့်ပ်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ထရမ့်ပ်နဲ့ မိုဒီတို့ဟာ အရင်တုန်းကလည်း တွေ့ဆုံခဲ့ဖူးပြီး ရင်းနှီးတဲ့ ဆက်ဆံရေး ရှိပါတယ်။ ၂၀၁၇ ခုနှစ်က သူတို့ ၂ ယောက် ပထမဆုံးအကြိမ် တွေ့ဆုံမှုမှာ ဟူစတန်နဲ့ အမီဒါဘတ် ခရီးစဉ် အကောင်အထည် ဖော်နိုင်ခဲ့တာ အပါအဝင် တခြားကြီးမားတဲ့ ပူးပေါင်းမှုတွေလည်း ရှိပါတယ်။

အမေရိကန်-အိန္ဒိယ ဆက်ဆံရေး အားကောင်းလာတာက တရုတ်ကို ၂ နိုင်ငံစလုံး တန်ပြန်နိုင်တဲ့ဗျူဟာ ဖြစ်တယ်လို့ နိုင်ငံရေးသုံးသပ်သူတွေက ရှုမြင်ပါတယ်။

ထရမ့်ပ်က အိန္ဒိယနိုင်ငံကို အမြဲဝေဖန်မှုတွေ ပြုလုပ်ခဲ့ဖူးပေမဲ့ မိုဒီကိုတော့ ဘယ်တုန်းကမှ ဝေဖန်ခဲ့ဖူးခြင်း မရှိတာလည်း တွေ့ရပါတယ်။

မိုဒီရဲ့ခရီးစဉ်မှာ တက်စလာသူဌေး အီလွန်မတ်စ်ခ်နဲ့ တွေ့ဖွယ်ရှိပြီး အိန္ဒိယနိုင်ငံရဲ့ လျှပ်စစ်ကားကဏ္ဍကို တိုးတက်အောင် လုပ်ဆောင်ဖွယ် ရှိပါတယ်။

ဗီဇာအရေးနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံမှာ တတိယအများဆုံး ရွှေ့ပြောင်းလူဦးရေအဖြစ် အိန္ဒိယနိုင်ငံသား ၇၀,၀၀၀ ကျော်နဲ့ ပတ်သက်ပြီး ဆွေးနွေးမှာ ဖြစ်ပါတယ်။

ကုန်သွယ်ရေးနဲ့ပတ်သက်လို့ ၂၀၂၁ ခုနှစ် အမေရိကန်ဆီကနေ အကြီးဆုံး လောင်စာဆီ ဝယ်ယူတဲ့နိုင်ငံဖြစ်ခဲ့တဲ့ အိန္ဒိယနိုင်ငံဟာ အမေရိကန်နဲ့ ပြန်လည်ပြည့်ဖြိုးတဲ့ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ဖွယ်ရှိပါတယ်။

မိုဒီဟာ လက်ရှိ ပါရီမှာကျင်းပတဲ့ AI ထိပ်သီးအစည်းအဝေးပွဲကို တက်ရောက်ခဲ့ပြီးနောက် အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်နဲ့ သီးခြား တွေ့ဆုံခဲ့ပါသေးတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013