DVB Logo
Home
နိုင်ငံတကာ
အီတလီတွင် စစ္စလီယန် မာဖီးယားဂိုဏ်းအား စီးနင်းတိုက်ခိုက်ပြီး လူ ၁၃၀ ကို ဖမ်းဆီး
DVB
·
February 12, 2025
အီတလီတွင် စစ္စလီယန် မာဖီးယားဂိုဏ်းအား စီးနင်းတိုက်ခိုက်ပြီး လူ ၁၃၀ ကို ဖမ်းဆီး
Donate to DVB

အီတလီနိုင်ငံ၊ စစ္စလီကျွန်းရဲ့ မြို့တော် ပါလဲမိုရှိ စစ္စလီယန် မာဖီးယားဂိုဏ်းကြီးကို အကြီးစား ထိုးဖောက်စီးနင်း တိုက်ခိုက်မှုအတွင်း ဖေဖော်ဝါရီ ၁၁ ရက်မှာ လူပေါင်း ၁၃၀ လောက် ဖမ်းဆီးခံခဲ့ရပါတယ်။

ဖမ်းမိထားတဲ့ မသင်္ကာသူတွေကို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ လူသတ်မှုကျူးလွန်ဖို့ ကြိုးပမ်းမှု၊ ငွေညှစ်မှု၊ တရားမဝင် အွန်လိုင်းလောင်းကစားမှု၊ လက်နက်တွေ တရားမဝင် လက်ဝယ်ထားရှိမှု အပါအဝင် ရာဇ၀တ်မှုမျိုးစုံနဲ့ တရားစွဲဆိုထားကြောင်း ကာရာဘီရီယာနီ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တခြားပြစ်မှုတွေအတွက် ထောင်ကျပြီးသား သံသယရှိသူ ၃၃ ယောက်ကိုလည်း ဖမ်းဝရမ်းတွေ ထပ်မံထုတ်ပြန်ခဲ့ပါတယ်။

မကြာသေးတဲ့ ဆယ်စုနှစ်တွေအတွင်း မာဖီးယားဂိုဏ်း အင်အားဆုတ်ယုတ်မှုတွေ ရှိနေပေမဲ့လည်း ဒီဂိုဏ်းဟာ အရေးပါတဲ့ ရာဇ၀တ်အင်အားတဖွဲ့အနေနဲ့ ဆက်လက်တည်ရှိနေကြောင်း ညွှန်ပြနေတာလို့ ဆိုပါတယ်။

၁၉၈၀ နဲ့ ၁၉၉၀ ခုနှစ်တွေအတွင်း ပါလဲမိုနဲ့ အနီးတဝိုက်မှာ အခြေစိုက်ခဲ့တဲ့ ကိုးဆာနော့စ်ရာ မာဖီးယားဂိုဏ်းဟာ အီတလီကို ခြိမ်းခြောက်ခဲ့ပေမဲ့ ကာလားဘရီးယနားဒေသက နူးဒရာ့ဂေတာ ဂိုဏ်းက ဥရောပရဲ့ အင်အားအကြီးဆုံးအဖြစ် ကျော်တက်သွားခဲ့ပါတယ်။

စုံစမ်းစစ်ဆေးမှုတွေအရ ပါလဲမိုရဲ့ မာဖီးယား မိသားစုတွေဟာ အထူးသဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေမှာ ကိုးဆာနော့စ်ရာရဲ့ ရွှေရောင်နေ့ရက်တွေတုန်းက လုပ်နေကျပုံမျိုးလို မြို့တော်နဲ့ သူ့ပြည်နယ်တဝန်းမှာ သူတို့ရဲ့လုပ်ဆောင်မှုတွေကို ညှိနှိုင်းဆောင်ရွက်ခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

ပါလဲမိုမြို့ အပြင်ဘက်ရှိ ကော်လီယိုနဲမြို့က ဂိုဏ်းခွဲတခုမှ ကြီးစိုးခဲ့တဲ့ နှစ်တွေနဲ့ နှိုင်းယှဉ်ရင် မြို့တွင်းဂိုဏ်းမိသားစုတွေဟာ အခွင့်အာဏာ ပြန်လည်ရရှိခဲ့ကြောင်း သူတို့က ပြောပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013