
အီတလီနိုင်ငံမှာ စစ်လက်နက်တပ်ဆင်မှု ပြန်တိုးမြှင့်တာနဲ့ နေထိုင်မှုစရိတ် မြင့်တက်လာတာတို့ကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေနဲ့ အီတလီ နှိမ်နင်းရေးရဲတပ်ဖွဲ့တို့အကြား နိုင်ငံမြောက်ပိုင်း တူရင်မြို့မှာ အောက်တိုဘာ ၂၄ ရက်က ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က တူရင်မြို့မှာ နေထိုင်မှုစရိတ် မြင့်တက်လာတာနဲ့ ပတ်သက်တဲ့ ဆန္ဒပြပွဲတွေအတွင်း အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ခဲ့ပြီး လူအများအပြား ဖမ်းဆီးခံခဲ့ရပါတယ်။
ဒီနောက် တာဝန်ရှိသူတွေက လုံခြုံရေးကို တိုးမြှင့်ချထားခဲ့သလို ရဲတပ်ဖွဲ့ဝင် ရာပေါင်းများစွာ ကိုလည်း တာဝန်ချထားခဲ့ပါတယ်။
မီလန်မြို့မှာလည်း လူငယ်တွေက နေထိုင်မှုစရိတ်မြင့်တက်လာမှုကို ဆန့်ကျင်ပြီး ဆန္ဒပြပွဲတွေမှာ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။











