DVB Logo
Home
မြန်မာသတင်း
နိုင်ငံတဝန်းက တက္ကသိုလ်ဆရာနှင့် ကျောင်းသားများ စစ်သင်တန်းတက်ရ
DVB
·
February 12, 2025
နိုင်ငံတဝန်းက တက္ကသိုလ်ဆရာနှင့် ကျောင်းသားများ စစ်သင်တန်းတက်ရ
Donate to DVB

စစ်အင်အားဖြည့်တင်းနေတဲ့ စစ်ကောင်စီတပ်အနေနဲ့ ဖေဖော်ဝါရီ ၁၀ ရက်မှစတင်ကာ မြန်မာ နိုင်ငံတဝန်းရှိ တက္ကသိုလ် ကျောင်းဆရာ၊ ဆရာမတွေနဲ့  ကျောင်းသား၊ကျောင်းသူတွေကို စစ်သင်တန်းတွေ ပေးနေပါတယ်။

ကျောင်းပညာရေးသာမက တိုင်းပြည်ကာကွယ်ရေးကိုပါ ပညာရေးဝန်ထမ်းတွေနဲ့ ကျောင်းသား ၊ကျောင်းသူတွေက သိရှိရမယ်ဆိုတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့လမ်းညွှန်မှုကို နယ်မြေခံ တိုင်းမှူးနဲ့ တက္ကသိုလ်လေကျင့်ရေးတပ်တွေက အကောင်အထည်ဖော်တာလို့ ပညာရေးဝန်ထမ်း တယောက်က ပြောပါတယ်။

"တောင်ကြီးမှာ ပြည်သူ့စစ်ထဲ ဝင်ရင်ဝင်၊ မဝင်ရင်စစ်မှုထမ်း အဲ့နှစ်မျိုးကလွတ်အောင် ကျောင်းတက်တာတောင် တက္ကသိုလ်မှာ စစ်သင်တန်းတက်ရတယ်။  တလ သင်တန်းပေးတာ ဘယ်လိုမှ ရှောင်လို့မရဘူး။”

တောင်ငူတက္ကသိုလ်မှာလည်း အမှတ် ၈ တက္ကသိုလ်လေကျင့်ရေးတပ်နဲ့ တောင်ပိုင်းတိုင်းစစ်ဌာန ချုပ်တို့ ပူးပေါင်းကာ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို မနေ့ကစပြီး စစ်ပညာသင်တန်းပေးနေတယ်လို့ ကျောင်းသားတယောက်က ပြောပါတယ်။

"တောင်ငူမှာ ဒီနှစ်လူများတယ်။ မနှစ်က တက်ထားတဲ့သူတွေလည်းပါတယ်။ ဆရာ၊ဆရာမတွေ ရော သင်တန်းကာလကတလပဲ။ အဲဒါပြီးရင် မိုးရာသီစခန်းအခြေချသင်တန်းထပ်တက်ရမယ်။ အဲ့ဒါက ၄၅ ရက်။”

မော်လမြိုင်တက္ကသိုလ်မှာတော့ ၂၀၂၂ ခုနှစ်ကတည်းက အရှေ့တောင်တိုင်းစစ်ဌာနချုပ်နဲ့ အမှတ် ၃ တက္ကသိုလ်လေကျင့်ရေးတပ်ပူးပေါင်းကာ ပညာရေးဝန်ထမ်းတွေနဲ့ ကျောင်းသား၊ ကျောင်း သူတွေကို စစ်သင်တန်းပေးတာ ၃ ကြိမ်ရှိပြီလို့ ပညာရေးဝန်ထမ်းတယောက်က ပြောပါတယ်။

"တက္ကသိုလ်ကပေးတဲ့ စစ်သင်တန်းကို အကြောင်းပြချက်မခိုင်လုံဘဲ ပျက်လို့မရဘူး သင်တန်းမတက်တဲ့ ဆရာ၊ ဆရာမတွေဆို နယ်စွန်နယ်ဖျားတွေ ပို့ပစ်တာ ကျောင်းသားတွေဆို မြို့နယ်နဲ့ ညှိပြီး စစ်မှုထမ်းခိုင်းတာ မော်လမြိုင်ကပိုဆိုးတယ်။”

တက္ကသိုလ်တွေမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေကို အခြေခံစစ်ပညာနဲ့ တန်းမြင့်စစ်ပညာသင်တန်းတွေ နိုင်ငံတဝန်း နေပြည်တော်ကောင်စီနယ်မြေ၊ တောင်ကြီး၊ မော်လမြိုင်၊ ကမာရွတ်၊ ပုသိမ်၊ တောင်ငူတို့က  နယ်မြေခံသင်တန်းကျောင်းတွေပြုလုပ်တာ ဖြစ်ပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကစလို့ မြန်မာနိုင်ငံတဝန်းက တက္ကသိုလ်နဲ့ ကောလိပ်တွေက ဆရာ၊ဆရာမတွေနဲ့ကျောင်းသား၊ ကျောင်းသူတွေကို စစ်ပညာသင်ပေးဖို့ တက္ကသိုလ်လေကျင့်ရေးတပ် ၈ ခုကို တာဝန်ပေးခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013