DVB Logo
Home
မြန်မာသတင်း
ငဖဲမြို့နယ်ရှိ စစ်စခန်းကို CDF-ASHO ဝင်တိုက်၊ စစ်သားများ ထွက်ပြေး
DVB
·
February 12, 2025
ငဖဲမြို့နယ်ရှိ စစ်စခန်းကို CDF-ASHO ဝင်တိုက်၊ စစ်သားများ ထွက်ပြေး
Donate to DVB

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းအနောက်ဘက်က ပျဉ်းဝစစ်ဆေးရေးဂိတ်အနီးရှိ ဘုရားတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကုန်းကို CDF-ASHO က ဖေဖော်ဝါရီ ၉ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတွေက အနည်းငယ်သာ ပြန်လည်ပစ်ခတ်ပြီး စခန်းစွန့်ခွာ ထွက်ပြေးသွားကြတယ်လို့ CDF-ASHO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက DVB ကို ပြောပါတယ်။

“အဲ့စခန်းကုန်းမှာက အင်အား ၁၅ ဦးကျော်ကျော်ပဲ ရှိမယ်လို့ သုံးသပ်ရပါတယ်။ အဲဒီစခန်းက ပျဉ်းဝစစ်ဆေးရေးဂိတ်ကို နေ့ဘက်တွေမှာ လုံခြုံရေးယူဖို့ ချထားတာမျိုးပါ။ လွန်ခဲ့တဲ့ တနှစ်ကျော်ကျော်လောက်ကတည်းက ဘုရားကုန်းနားမှာ စခန်းချ နေရာယူထားတာပါ။”

အဆိုပါစခန်းကို တိုက်ခိုက်ပြီးတဲ့နောက် ပျဉ်းဝစစ်ဆေးရေးဂိတ်က စစ်သားတွေလည်း ထွက်ပြေးသွားခဲ့တယ်လို့ သိရပြီး ဘုရားတောင်ပေါ်စခန်းက စစ်ကောင်စီတပ်သားတွေ နေထိုင်ရာ အဆောင်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ CDF-ASHO က အသိပေးပါတယ်။

“စခန်းကို မီးရှို့ဖျက်ဆီးပြီး ပြန်လာတဲ့အချိန် ၁ နာရီကြာကြာလောက်မှာတော့ အဲဒီနားဝန်းကျင်က ကျနော်တို့ရှိမယ်ထင်တဲ့ နေရာတွေကို ပစ်ကူတာတော့ ရှိပါတယ်” လို့ ဆလိုင်းရိုးချင်းက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ လက်နက်ကြီးပစ်ကူပေးပြီးတဲ့နောက် ညနေပိုင်းမှာ စစ်ကြောင်းထိုး ပြန်လည်ဝင်ရောက်လာကာ အနီးနားရှိ အရှိုချင်းကျေးရွာတွေအတွင်းက ပြည်သူတွေကို ဖမ်းဆီးခဲ့ပြီး ဖေဖော်ဝါရီ ၁၁ ရက်မှာတော့ ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013