DVB Logo
Home
နိုင်ငံတကာ
USAID ကို အရည်အချင်းမရှိ၊ အကျင့်ပျက်ဟု သမ္မတ ထရမ့်ပ်နှင့် အီလွန်မတ်စ်ခ် ဝေဖန်
DVB
·
February 12, 2025
USAID ကို အရည်အချင်းမရှိ၊ အကျင့်ပျက်ဟု သမ္မတ ထရမ့်ပ်နှင့် အီလွန်မတ်စ်ခ် ဝေဖန်
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ တက်စ်လာကုမ္ပဏီ သူဌေး အီလွန်မတ်စ်ခ်တို့ဟာ အမေရိကန် နိုင်ငံခြားအကူအညီပေးရေးအေဂျင်စီ (USAID) ကို “အရည်အချင်းမရှိ၊ အကျင့်ပျက်”တယ်လို့ ဖေဖော်ဝါရီ ၁၁ ရက်က အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ဝေဖန်ခဲ့ပါတယ်။

မကြာသေးမီကမှ ဖွဲ့စည်းထားတဲ့ အစိုးရစွမ်းဆောင်ရည်ဌာနရဲ့ အကြီးအကဲ အီလွန်မတ်စ်ခ်က USAID ဟာ လုပ်သင့်လုပ်ထိုက်တဲ့ တချို့ကိစ္စရပ်တွေကို လုပ်ဆောင်ခဲ့ပေမဲ့လည်း အေဂျင်စီဟာ ရွေးကောက်ပွဲတွေကို ဆိုးဆိုးရွားရွား အရှက်ရစရာ သံသယဖြစ်ဖွယ် နည်းလမ်းတွေနဲ့ “အလွန်အကျွံလုပ်ခဲ့တယ်” လို့ စောဒကတက်ခဲ့ပါတယ်။

“USAID က လုပ်နေတာတွေက သံသယဖြစ်စရာတွေ ရှိနေကြောင်း၊ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုနဲ့ အနီးကပ် အလုပ်လုပ်နေပြီး အီဘိုလာ ကာကွယ်ရေးနဲ့ HIV ကာကွယ်ရေးအတွက် ရန်ပုံငွေကိုတော့ ဖွင့်ထားကြောင်း၊ သူတို့ မြန်မြန်ဆန်ဆန် လုပ်ဆောင်နေပြီး အမှားတွေ လုပ်မိလိမ့်မယ် ဆိုရင်လည်း အမြန်ပြင်ပေးမှာဖြစ်ကြောင်း” အီလွန်မတ်စ်ခ်က ပြောပါတယ်။

ထရမ့်ပ်က ကြီးကြပ်ကွပ်ကဲမှုဆိုင်ရာ ကတိကဝတ်ကို ထပ်မံအတည်ပြုခြင်းအားဖြင့် တုံ့ပြန်ခဲ့ပြီး အစိုးရထဲမှာ ရိုးသားမှုရှိစေဖို့ သူ့ကို ရွေးကောက်တင်မြှောက်ထားတာလို့ ဆိုပါတယ်။

သူ့ရဲ့ စစ်ဆေး ဆန်းစစ်ချက်ဟာ USAID ကနေ ကျော်လွန်ပြီးတော့ ပညာရေးနဲ့ စစ်တပ်တို့လို နယ်ပယ်တွေအပြင် ပိုကြီးတဲ့နေရာတွေကိုလည်း တိုးချဲ့သွားမှာဖြစ်ကြောင်း ထရမ့်ပ်က ဆိုပါတယ်။

“ကျနော်တို့ ဖမ်းမိထားတဲ့ လိမ်လည်မှု ပမာဏက အများကြီးရှိနေပြီးတော့ ၂ ပတ်အတွင်းမှာကို ဒေါ်လာဘီလီယံချီပြီး ရနိုင်မယ်ထင်တယ်။ ပြီးတော့ မယုံနိုင်စရာ ကိန်းဂဏန်းတွေဆီ ရောက်သွားလိမ့်မယ်” လို့ ထရမ့်ပ်က ပြောသွားတာပါ။

အမေရိကန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီ အကြီးအကဲအဖြစ် USAID ဟာ ဖက်ဒရယ်အစိုးရကို အရွယ်အစားလျှော့ချဖို့ အီလွန်မတ်စ်ခ်ရဲ့ ပထမဆုံးသောပစ်မှတ် ဖြစ်လာခဲ့တာပါ။

ထရမ့်ပ်ရဲ့ “အမေရိကန် ပထမ” မူဝါဒနဲ့အညီ အမေရိကန်ရဲ့ နိုင်ငံခြားအကူအညီအများစုကို ရပ်ဆိုင်းဖို့ ထရမ့်ပ်ရဲ့ ဇန်နဝါရီ ၂၀ အမိန့်ကြောင့် ကမ္ဘာလုံးဆိုင်ရာ အကူအညီအတွက် ဒေါ်လာဘီလီယံနဲ့ချီ ကုန်ကျစရိတ်ရှိတဲ့ ရာနဲ့ချီတဲ့ အစီအစဉ်တွေ ရပ်ဆိုင်းကုန်ပါတယ်။

အဲဒီအမိန့် ထွက်ရှိလာပြီးနောက်မှာ USAID ဝန်ထမ်းတွေကို ခွင့်ရက်ပေးလိုက်ပြီး ရုံးချုပ်ကို သတင်းမပို့ဖို့လည်း ညွှန်ကြားထားပြီးတော့ ဆိုင်းဘုတ်တွေကိုလည်း ဖယ်ရှားခြင်း သို့မဟုတ် ဖုံးအုပ်ခြင်းတွေ လုပ်ထားပါတယ်။

အေဂျင်စီရဲ့ဝက်ဘ်ဆိုက်လည်း သက်ဝင်လုပ်ဆောင်မှုမရှိ အော့ဖ်လိုင်း ဖြစ်သွားခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုကို ယာယီစီမံခန့်ခွဲသူအဖြစ် ခန့်အပ်ခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013