Home
မြန်မာသတင်း
ကျားဖြန့်အရှိန်မြှင့်နှိမ်နင်းရန် ထိုင်းကာကွယ်ရေးဦးစီးချုပ် နယ်စပ်သို့ သွားရောက်စစ်ဆေး (ဓာတ်ပုံ) 
DVB
·
February 11, 2025
thai-army1-1
thai-army8-1
thai-army-1
thai-army7-1
476910349_1052586346913348_9112326216605576954_n
thai-army5-1
thai-army9-1
thai-army2-1
thai army11
thai-army9
thai-army8
thai-army7
thai-army6
thai-army5
thai-army10
thai-army4
thai-army3
thai-army2
thai-army1
thai-army

ထိုင်း-မြန်မာနယ်စပ် ကျားဖြန့်အွန်လိုင်းလိမ်လည်မှုဂိုဏ်း အရှိန်မြှင့်နှိမ်နင်းရေးအတွက် ထိုင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ကြည်းတပ်)  ဗိုလ်ချုပ်ကြီး ဖနားကလျောက်ဖော်ထုခ်၊ နည်း ပညာဆိုင်ရာ ရာဇဝတ်မှုနှိမ်နင်းရေး (ဆိုက်ဘာ) ရဲတပ်ဖွဲ့ ရဲချုပ် ထတ်ချိုင်း ပီတနီလပူတ်နဲ့ တာဝန်ရှိသူတွေဟာ ဖေဖော်ဝါရီ ၁၀ ရက်က မြန်မာနယ်စပ် မြဝတီနဲ့ ကပ်နေတဲ့ တာ့ခ်ခရိုင် မဲဆောက်နဲ့ ဖုပ်ဖရ မြို့နယ်ရှိ နယ်စပ်ဒေသတလျှောက် ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။ 

နယ်စပ်လုံခြုံရေး တာဝန်ယူဆောင်ရွက်နေတဲ့ တိုင်းစစ်ဒေသ ၃ လက်အောက်ခံ ရာ့ချ်မနူး နဲ့ နရေ့ဆွန် စစ်ကြောင်းမှ စစ်ကြောင်းမှူးတွေက ကြည်းတပ်ဦးစီးချုပ်၊ ဆိုက်ဘာရဲချုပ်နဲ့ တာဝန်ရှိသူတွေကို ကြိုဆိုပြီး မဲဆောက်မော်ဒယ်လ်စီမံချက် ဆောင်ရွက်ပုံနဲ့ လတ်တလောနယ်စပ် အခြေအနေတွေ ရှင်းပြခဲ့ပါတယ်။ 

ကြည်းတပ်ဦးစီးချုပ်နဲ့ တာဝန်ရှိသူတွေဟာ အမှတ် ၂ ချစ်ကြည်ရေးတံတားမှာ နယ်စပ်တလျှောက် လုံခြုံရေးတာဝန် ထမ်းဆောင်နေတဲ့ ထိုင်းစစ်သည်တွေနဲ့ တွေ့ဆုံအားပေးစကားပြောကြားခဲ့တဲ့အပြင် ကောလ်စင်တာအွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ မူးယစ်ဆေးနဲ့ လက်နက်မှောင်ခိုမှုတွေ မကြာခဏ ဖမ်းဆီးနှိမ်နင်းခဲ့ရတဲ့ မဲဆောက်မြို့နယ် ထာ့ဆိုင်လွတ်ရပ်ကွက် အမှတ် ၃၄ ကူးတို့ဆိပ်၊ ဘန့်ဝမ်းကယောက်၊ ဆန်ယိုင်းလူ စစ်ဆေးရေးဂိတ်နဲ့ ဖုပ်ဖရမြို့နယ် ချောင့်ခက်ပ်စစ်ဆေးရေးဂိတ်တွေကို သွားရောက်စစ်ဆေးခဲ့ပါတယ်။ 

ကြည်းတပ်ဦးစီးချုပ်က လတ်တလော နည်းပညာဆိုင်ရာ ရာဇဝတ်မှုနှိမ်နင်းရေးအတွက် ကြည်း တပ်အနေနဲ့ အရေးပေါ်စီမံချက်ချမှတ်ပြီး နယ်မြေထဲက ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းဆောင် ရွက်နေတယ်လို့ ပြောပါတယ်။ 

အဲဒီလို အရှိန်မြှင့်ဆောင်ရွက်ရာမှာ  နည်းလမ်း ၄ ခုရှိတယ်၊  မဲဆောက်မြို့နယ်အဝင်ကို  ကုန်းလမ်းမှာ ရော လေကြောင်းလမ်းကနေပါ စစ်ဆေးတာ၊  မယ်လမတ်နဲ့ ဖုပ်ဖရမြို့နယ် အဝင်လမ်းကြောင်းတွေမှာ စစ်ဆေးရေးဂိတ်ချပြီး စစ်ဆေးတာ၊  တောလမ်းကနေ တရားမဝင်နယ်စပ်ဖြတ်ကျော်မှု ကာကွယ်ရေးအတွက် တပ်ဖွဲ့ဝင်တွေ အလှည့်ကျ  ၂၄ နာရီမပြတ် စောင့်ကြပ်စစ်ဆေးတာ၊  ဟိုတယ်၊ မိုတယ် တည်းခိုခန်းစတဲ့နေရာနဲ့ နိုင်ငံခြားသားတွေ လာရောက်တည်းခိုလေ့ရှိတဲ့ နေရာတွေကို စစ်ဆေးဆောင်ရွက်ကြဖို့  ကြည်းတပ်ဦးစီးချုပ်က ညွှန်ကြားသွားပါတယ်။ 

အဆိုပါလမ်းကြောင်းတွေကနေ အဝင်အထွက်ကို စစ်ဆေးခြင်းအားဖြင့် နိုင်ငံခြားသားတွေ  နယ်စပ်ဖြတ်ကျော်ပြီး  တတိယနိုင်ငံ ဝင်ရောက်မှုကို များစွာလျှော့ချနိုင်မယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ထိုင်းနိုင်ငံက လျှပ်စစ်မီးဖြတ်တောက်ထားမှုကြောင့်  အစားထိုးအသုံးပြုနိုင်မယ့် ဆိုလာပြား၊ မီးစက် နဲ့ လျှပ်စစ်ပစ္စည်း အစရှိသော ပစ္စည်းတွေပါ စစ်ဆေးထိန်းချုပ်ဖို့  ကြည်းတပ်ဦးစီးချုပ်က ညွှန်ကြားသွားပါတယ်။ 

Source: Royal Thai Army

Photo: Royal Thai Army

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024