DVB Logo
Home
နိုင်ငံတကာ
သူပုန်များနှင့် တိုက်ပွဲဖြစ်အပြီး ICRC က ကွန်ဂိုထောင်မှ အလောင်းများကို ရှင်းထုတ်
DVB
·
February 11, 2025
သူပုန်များနှင့် တိုက်ပွဲဖြစ်အပြီး ICRC က ကွန်ဂိုထောင်မှ အလောင်းများကို ရှင်းထုတ်
Donate to DVB

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က စေတနာ့ဝန်ထမ်းတွေဟာ ဖေဖော်ဝါရီ ၁၀ ရက်မှာ ဆူဒန်နိုင်ငံ ဂိုမာမြို့ မူဇန်ဇာ အကျဉ်းထောင်က ပုပ်နေတဲ့ အလောင်းတွေကို ဖယ်ရှားခဲ့ပါတယ်။

M23 သူပုန်တွေနဲ့ ကွန်ဂိုစစ်တပ်တို့ကြား တိုက်ပွဲတွေအပြီး ထောင်သားတွေ အစုလိုက်အပြုံလိုက် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီးတဲ့နောက် သီတင်း ၂ ပတ်အကြာမှာ ခုလို ရှင်းလင်း ဖယ်ရှားခဲ့တာပါ။

ဇန်နဝါရီ ၂၇ ရက်မှာ M23 တပ်ဖွဲ့ဝင်တွေက မြို့တော်ကို သိမ်းပိုက်ပြီးတဲ့နောက် ကျန်းမာရေး ဘေးအန္တရာယ်ကနေ ဟန့်တားဖို့ ပျက်စီးသွားတဲ့ အဆောက်အအုံတွေထဲက အလောင်းတွေကို စေတနာ့ဝန်ထမ်းတွေက ပိုးသတ်ရှင်းလင်းခဲ့ကြပါတယ်။

ဆူဒန်ပဋိပက္ခကြောင့် လူဦးရေ တသန်းကျော်နေတဲ့ ဂိုမာမြို့မှာ လူ ၂,၉၀၀ ထက်မနည်း သေဆုံးခဲ့ပြီး ဒေသတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေတယ်လို့ ကုလသမဂ္ဂ သတင်းရင်းမြစ်တွေက ပြောပါတယ်။

“ကျမ အနာကျင်ရဆုံးအရာက လူတွေရဲ့ ဒုက္ခပါပဲ။ သူတို့တွေက အကျဉ်းသားတွေဖြစ်ရင်တောင် ကြေကွဲစရာပါ” လို့ ထောင်နားမှာနေထိုင်သူ ပစိဖစ် မူဂူလူဝါက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

တောင်ကီဗူးပြည်နယ်မှာ အာဏာပိုင်တွေဟာ ကြီးထွားလာနေတဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေပြီး စည်းစနစ် ပြန်ကောင်းလာစေဖို့၊ ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ဖို့ ထိခိုက်ခံစားရတဲ့ ရပ်ရွာတွေကို အရေးပေါ် အကူအညီတွေ ပေးနေပါတယ်။

မြေယာနဲ့ သယံဇာတတွေကို ဆယ်စုနှစ်များစွာ သိမ်းပိုက်ဖို့ တိုက်ပွဲဝင်နေတဲ့ လက်နက်ကိုင်အဖွဲ့ ဒါဇင်များစွာရှိတဲ့  ကွန်ဂိုအရှေ့ပိုင်းမှာ ပဋိပက္ခဟာ မတည်ငြိမ်မှုတွေကို ပိုနက်ရှိုင်းစေခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013